အိုင်ယာလန်မင်းသား ပီးယာ့စ်ဘရော်စ်နန်ရဲ့ ဇနီး အသက် ၅၂ နှစ်ရှိ ကီလီရှေးစမစ်ဟာ သားနှစ်ယောက်ထွန်းကားကာ အိမ်ထောက်သက် ၁၅ နှစ်နီးပါးရှိလာတဲ့နောက် အရင်လို ခန္ဓာကိုယ်ပုံပန်းလေးနဲ့ မလှနိုင်တော့တာ အသေအချာပါပဲ။
ဒါပေမဲ့ မင်းသားကြီး ပီးယာ့စ်ကတော့ သူမရဲ့ ကောက်ကြောင်းဘယ်လိုပင်ရှိလာပါစေ။ အချိန်ကြာလာတာနဲ့အမျှ အရင်ကထက် ပိုချစ်နေတုန်းပါပဲ။
အောက်တိုဘာ ၂၈ ရက်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတဲ့ စတေးတပ်စ်တစ်ခုက သူ့အချစ်ကို သက်သေပြလိုက်သလို ဖြစ်ခဲ့ပါတယ်။
သူက သူမဟာ ခန္ဓာကိုယ်က အဆီတွေကို စုပ်ထုတ်ပစ်မယ်ဆိုရင် ကွာရှင်းမယ်ဆိုပြီး ပြတ်ပြတ်သားသားကို ခြိမ်းခြောက်ခဲ့ပါတယ်။
မင်းသားရဲ့ ဒီစတေးတပ်ဟာ ဖတ်ရသူတွေရဲ့ ရင်ကို ထိမှန်ခဲ့ပြီး ပြန်လည်ဖြန့်ဝေ share လုပ်သူပေါင်း ၇၂၀၀၀ ရှိခဲ့ကာ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။
အသက် ၆၂ နှစ်ရှိ မင်းသားကြီး ပီးယာ့စ်ဟာ ဂျိမ်းစ်ဘွန်းဇာတ်ကောင်နဲ့ လူသိများခဲ့ပြီး စမစ်ကတော့ အမေရိကန်ဂျာနယ်လစ်၊ စာရေးဆရာ၊ ရုပ်သံအစီအစဉ်မှူးတစ်ယောက်ပဲ ဖြစ်ပါတယ်။

Sourcw:Phothutaw
0 comments:
Post a Comment