လက်ထပ်ခွင့် တောင်းရာတွင် ပုံစံမျိုးစုံ ရှိတတ်သည်။ တရုတ်နိုင်ငံသား တစ်ဦးကတော့ သူ၏ချစ်သူကို လက်ထပ်ခွင့် တောင်းရာတွင် ထူးထူးခြားခြား ပြုလုပ်ခဲ့သည်။ ယင်းမှာ ကလေးခါးတောင်းကျိုက် ပစ္စည်းဖြစ်သော (Diaper) များကို အသုံးပြုပြီး လက်ထပ်ခွင့် တောင်းခဲ့ခြင်း ဖြစ်သည်။
ဂွမ်ဇူးဒေသတွင် နေထိုင်သော ဖန်အမည်ရ အမျိုးသားသည် သူငယ်ချင်းများနှင့် မိသားစုဝင်များ၏ အကူအညီကို ရယူပြီး ချစ်သူဖြစ်သူအတွက် အမှတ်တရဖြစ်စေဖို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဖန်သည် ချစ်သူဖြစ်သူ လင်နှင့် ချစ်ကြိုက်နေသည်မှာ နှစ်နှစ်ရှိသွားပြီးနောက် လက်ထပ်ခွင့် တောင်းခဲ့ခြင်း ဖြစ်သည်။ ပန်းစည်း၊ လက်စွပ်တို့ဖြင့် လက်ထပ်ခွင့်တောင်းခြင်းသည် ရိုးစင်းနေသောကြောင့် ဖန်က ထူးခြားသည့် စိတ်ကူးကို အကောင်အထည် ဖော်ခဲ့သည်။
ချစ်သူဖြစ်သူကို တစ်ဘ၀လုံး စောင့်ရှောက်သွားမည့် အကြောင်း သိနိုင်ဖို့ Diaper တွေဖြင့် အသည်းပုံစံ ဖန်တီးခဲ့သည်။ ယင်းနောက် အသည်းပုံစံ Diaper ပေါ်တွင် ထိုင်ကာ လက်ထပ်ခွင့် တောင်းခဲ့ရာ ချစ်သူဖြစ်သူက လက်ခံခဲ့သည်။ ထို့နောက် သူငယ်ချင်းများက လက်ထပ်ခွင့် တောင်းသည့်စာတန်းကို ကိုင်ဆောင်ကာ ချစ်သူနှစ်ဦး နောက်တွင်ရပ်ပြီး ဓာတ်ပုံ ရိုက်ခဲ့သည်။ လက်ထပ်ခွင့် တောင်းရာတွင် Diaper အထုပ် (၅၀)ကျော် အသုံးပြုခဲ့ကြောင်း သိရသည်။
The Messenger
messengernewsjournal.com
0 comments:
Post a Comment