
ဗြိတိန်တွင် လုပ်သားခြောက်သန်း နီးပါးသည် ရသည့်လုပ်ခနှင့် နေထိုင်စားသောက်စရိတ် မမျှတသဖြင့် ဆင်းရဲကျပ်တည်းစွာ နေထိုင်နေရကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။
ထိုခြောက်သန်းထဲတွင် အချိန်ပိုင်း အလုပ်လုပ်သူများ၊ အမျိုးသမီးများ၊ လူငယ်များက အများဆုံး ပါဝင်ကြောင်း သိရသည်။ စစ်တမ်းကို နေထိုင်စားသောက် စရိတ်ဝင်ငွေ ဖောင်ဒေးရှင်းက ထုတ်ပြန်ခြင်းဖြစ်သည်။ ဗြိတိန်တွင် အနိမ့်ဆုံး ရသင့်သည့် နေထိုင်စားသောက်စရိတ် လုပ်အားခသည် တစ်နာရီလျှင် (၇ ဒသမ ၈၅) ပေါင် ဖြစ်သည်။ လန်ဒန်တွင်ကား (၉ ဒသမ ၁၅) ပေါင် ဖြစ်သည်။ နေထိုင်စားသောက်စရိတ် ၀င်ငွေဟူသည် ပြည်သူများဘ၀ကို ထင်ဟပ်နိုင်အောင် တွက်ချက်ထားခြင်းသာဖြစ်ပြီး အနိမ့်ဆုံးလစာနှင့် မသက်ဆိုင်။ ဗြိတိန်အစိုးရက သတ်မှတ်ပေးထားသော အနိမ့်ဆုံး အခြေခံလုပ်အားခမှာ အသက် (၁၈) မှ (၂၀) ကြားများအတွက် တစ်နာရီ (၅ ဒသမ ၁၃) ပေါင်၊ အသက် (၂၁) နှင့် အထက်များအတွက် တစ်နာရီ (၆ ဒသမ ၅၀) ပေါင် ဖြစ်သည်။ သို့သော် အစိုးရက သတ်မှတ်ပေးထားသော အခြေခံ လုပ်အားခသည် ဗြိတိန်လူ့အဖွဲ့အစည်း၏ နေ့စဉ် လိုအပ်ချက်အောက် ကျဆင်းနေသဖြင့် နေထိုင်စားသောက်စရိတ် မကာမိခြင်းများ ဖြစ်ပွားနေရခြင်း ဖြစ်သည်။
ဗြိတိန်တွင် နေထိုင် စားသောက်စရိတ် ကာမိအောင် လုပ်ခမရသူ ပမာဏသည် ပြီးခဲ့သည့် သုံးနှစ်ဆက်တိုက် မြင့်တက်လာကြောင်း စစ်တမ်းကဆိုသည်။
Source: BBC
The Messenger
0 comments:
Post a Comment