ခေတ်နှင့် မညီသော ဆုအချို့ ပယ်ဖျက်မည်


သြစတြေးလျတွင် ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ရာတွင် ခေတ်နှင့်မလျော်ညီသော ဆုအချို့ကို ပယ်ဖျက်တော့မည်ဟု ၀န်ကြီးချုပ် မဲလ်ကွမ်တန်ဘူးက ထုတ်ပြန် ကြေညာသည်။
      ခေတ်နှင့် မလျော်ညီတော့သော သူကောင်း အမျိုးသားဘွဲ့ (နိုက်ဘွဲ့) နှင့် သူကောင်း အမျိုးသမီးဘွဲ့ (ဒိမ်းဘွဲ့) တို့ကို ပယ်ဖျက်ရန် သြစတြေးလျ အစိုးရအဖွဲ့၏ အဆိုပြုချက်ကို ဓနသဟာယနိုင်ငံများ အရှင်သခင် ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်ကလည်း သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
      သြစတြေးလျသည် ပြည်သူ့အကျိုး သယ်ပိုးသော နိုင်ငံသားကောင်းများကို သာ ဆက်လက် ချီးမြှောက်သွားမည် ဖြစ်ကြောင်း၊ သို့သော် ယနေ့ သြစတြေးလျ လူမှုအဖွဲ့အစည်းနှင့် မကိုက်ညီတော့သော သူကောင်းဘွဲ့များကိုမူ ပယ်ဖျက်မည် ဖြစ်ကြောင်း မစ္စတာတန်ဘူးက ဆိုသည်။
      ရှေ့ဆက်ပြီး ထိုသူကောင်းဘွဲ့နှစ်ခုကို ချီးမြှင့်တော့မည် မဟုတ်သော်လည်း နိုက်ဘွဲ့နှင့် ဒိမ်းဘွဲ့ ရထားပြီး သူများအနေဖြင့် ၎င်းတို့ ဘွဲ့ထူးဂုဏ်ထူးကို ဆက်လက် ထိန်းသိမ်းထားပိုင်ခွင့်ရမည် ဖြစ်ကြောင်းလည်း ၀န်ကြီးချုပ်က ဆိုသည်။
Source: BBC
The Messenger
 messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment