လန်ဒန်အရှေ့ ပိုင်းရပ်ကွက်ထဲမှာ သွားလာနေတဲ့ လမ်းသွားလမ်းလာတွေဟာ ခေါင်မိုးပေါ်မှာ အ၀တ်ဗလာနဲ့  လက်ထောက် ကားယားထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို မြင်တွေ့ ခဲ့ကြပြီးနောက် ကိုယ့်မျက်လုံး ကိုယ်မယုံနိုင် ဖြစ်ခဲ့ကြပါတယ်။
အဆိုပါ အမျိုးသမီးဟာ တစ်မူထူးခြားတဲ့အနုပညာတင်ဆက်ပြသမှုအဖြစ် ဆောင်းဦးရာသီရဲ့အအေးဒဏ်ကို အန်တုကာ အိမ်ခေါင်မိုးပေါ်မှာ အ၀တ်ဗလာနဲ့ လေးနာရီကြာ တက်ထိုင်ပြခဲ့တာဖြစ်ပါတယ်။ Poppy Jackson လို့ အမည်ရတဲ့ အနုပညာရှင်အမျိုးသမီးဟာ သူမရဲ့ အနုပညာကိုချစ်မြတ်နိုးစိတ်ကို အများသိအောင်ပြသနိုင်ဖို့ အစီအစဉ်တစ်စိတ်တစ်ပိုင်းအနေနဲ့  ယခုလိုအ၀တ်ချွတ်သရုပ်ပြမှုကို ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့  သိရပါတယ်။
အဆိုပါ အနုပညာတင်ဆက်မှုကို မြင်တွေ့ ခဲ့ရတဲ့ အသက် ၂၉နှစ်အရွယ် Raquel Rodrigues က အခုလို ပြန်ပြောပြပါတယ်။ “ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမ ဘယ်လိုလုပ် အဖမ်းမခံရတာလဲဆိုတာ ကျွန်မစဉ်းစားလို့ ကိုမရဘူး။ ကျွန်မသာ ကိုယ်လုံးတီးနဲ့ လျှောက်သွားနေရင် သေချာပေါက်အဖမ်းခံရမှာ။”
Poppy Jackson ဟာ ကိုယ်မှာအ၀တ်တစ်ထည်မှဝတ်မထားတာကြောင့် အအေးဒဏ်ကို ခိုက်ခိုက်တုန် ခံစားနေရပြီး အအေးမိတော့မယောင် ဖြစ်နေတာကို မြင်တွေ့ ရပါတယ်။ ဒီ အ၀တ်ဗလာကျင်းအနုပညာတင်ဆက်မှုထွင်လုံးကို ‘Site’ လို့ Poppy က အမည်ပေးထားပြီး လာမယ့် စနေနေ့ မှာလည်း ဒီတင်ဆက်မှုကို ထပ်မံပြသမှာဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ အရင်တုန်းကလည်း နောက်ထပ်ပရောဂျက်တစ်ခုအတွက် ရာသီသွေးတွေကို အလှူခံတောင်းယူခဲ့ဖူးပါတယ်။
TrendMyanmar
0 comments:
Post a Comment