ယခုထွက်ပေါ်လာတဲ့ ဗီဒီယိုအပိုင်းတစ်ခုမှာ လူငယ်တစ်ယောက်ဟာ နာမည်ကြီး Disney ဇာတ်ကောင် အာလာဒင် အတိုင်း ၀တ်ဆင်ကာ မှော်ကော်ဇောပျံပေါ် ရပ်ပြီး လမ်းတွေပေါ်မှာ ပျံသန်းပြခဲ့ပါ တယ်။ မှော်ကော်ဇောပျံဟာ မြေပြင်ကနေ လက်မ အနည်းငယ် မြောက်တက်နေတာကို တွေ့ မြင်ရမှာပါ။
အဆိုပါ အာလာဒင်ဟာ ယာဉ်အသွားအလာ ရှုပ်ထွေးနေတဲ့လမ်းမတွေပေါ်မှာ ကွေ့ ကောက်ရှောင်တိမ်းကာ တစ်ဟုန်ထိုးပျံသန်းပြခဲ့ပါတယ်။ အာလာဒင် ကို ရုတ်တရက်မြင်တွေ့  လိုက်ရ တဲ့ လမ်းသွားလမ်းလာတွေဟာ မှင်တက်သွားခဲ့ပြီး သူ ဘေးနားက ဖြတ်ပျံသွားတာကို မြင်တွေ့ လိုက်ရတဲ့ တစ်ချို့ လူတွေဟာ အံ့သြ၀မ်းသာစိတ်နဲ့ အော်ဟစ်မိတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ လူတော်တော်များများဟာ သူတို့ ဖုန်းတွေကို အချိန်မီထုတ်ပြီး အဆိုပါ ရင်သပ်ရှုမောစရာ မြင်ကွင်းကို အမိအရမှတ်တမ်းတင်ခဲ့ကြပါတယ်။
ဒီ အံ့အားသင့်စရာဗီဒီယိုကို Youtuber Casey Neistat နဲ့ Jesse Wellens ဆိုသူနှစ်ဦးက သူတို့ ရဲ့ PrankvsPrank ချယ်နယ်အတွက် ဖန်တီးခဲ့တာဖြစ်ပါတယ်။ ယခုဆို ဒီဗီဒီယိုကို ၀င်ရောက်ကြည့်ရှုမှုပေါင်း ၆.၄ သန်းကျော်ရှိနေပြီဖြစ်ပါတယ်။
Jesse က အာလာဒင်အဖြစ် ၀တ်ဆင်သရုပ်ဆောင်ကာ အဝေးထိန်းစကိတ်ဘုတ်တစ်ခုနဲ့ ပျံသန်းနေသယောင် ဖန်တီးခဲ့တာပါ။ Jesse ရဲ့ ကင်မရာသမား၊ Casey ကလည်း စကိတ်ဘုတ်တစ်ခုနဲ့  ဘေးဘက်ကနေ လိုက်ပါပြီး ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။
ye wint
TrendMyanmar
TrendMyanmar
Ref:mirror
0 comments:
Post a Comment