Hunger
Games ပရီမီးယားပွဲမှာ Jennifer Lawrence တစ်ယောက် လူအများရှေ
့ချော်လဲကျခဲ့ပြီး ဟော်လီးဝုဒ်ရဲ့ ကိုးရိုးကိုးရား
အနိုင်ဆုံးကြယ်ပွင့်စာရင်းက သူမရဲ့နေရာကို အခိုင်အမာဆုပ်ကိုင်ထား
လိုက်ပါတယ်။ရုပ်ရှင်ကြည့် ပရိတ်သတ်တိုင်း ချစ်ကြတဲ့ မင်းသမီးဟာ
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ မှာ ပြသခဲ့တဲ့ Hunger Games: Mockingjay Part 2
ပွဲဦးထွက်ပွဲမှာ အခုလို ချော်လဲပြုတ်ကျခဲ့တာဖြစ်ပါတယ်။
အလန်းစား Ralph Lauren ၀တ်စုံအနက်ရောင်နဲ့ လှပကြော့ရှင်းစွာ ပွဲတက်လာတဲ့ မင်းသမီးဟာ ၀တ်စုံရဲ့ ရှည်လျားတဲ့အောက်အနားစကြောင့် အရှက်တကွဲဖြစ်ခဲ့ရတာဖြစ်ပါတယ်။ မက်ဒရစ်မြို့ ရုပ်ရှင်ရုံက ကော်ဇော်နီပေါ် ဟန်ကျကျ တစ်လှမ်းချင်းတက်လာတဲ့ မင်းသမီးဟာ သူမစီးလာတဲ့ဒေါက်မြင့်ဖိနပ်နဲ့ ဂါဝန် ငြိကာ ခလုတ်တိုက် လဲကျခဲ့တာပါ။ ကံကောင်းစွာပဲ သူမအနားမှာ ၀ိုင်းနေတဲ့အဖွဲ့ သားတွေဟာ Jennifer ကို မြန်မြန်ဆန်ဆန်ထူနိုင်ခဲ့သလို Jennifer ကလည်း ဘာမှမဖြစ်ခဲ့သလိုပဲ ပွဲကို ဆက်ထိန်းသွားခဲ့ပါတယ်။
ဒါဟာ Jennifer တစ်ယောက် ပရိတ်သတ်ထောင်ပေါင်းများစွာရှေ့ မှာ ပထမဆုံးအကြိမ် အရှက်တကွဲ လဲကျတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၅ Oscars ဆုပေးပွဲမှာ Jennifer တစ်ယောက် ခလုတ်တိုက်လဲကျပြီး ညှို့သကျည်း နာခဲ့ရဖူးပါတယ်။ ဒီ့မတိုင်ခင်တစ်နှစ် ၂၀၁၄ Oscars ဆုပေးပွဲမှာလည်း Jennifer ဟာ ရွှေစင်ရုပ်တု ကို လက်ခံယူဖို့ အလာမှာ ကော်ဇော်နီပေါ် ခြေချော်လဲကျဖူးပါတယ်။ ကော်ဇော်နီပေါ် ချော်လဲကျတတ်တာကိုက Jennifer Lawrence ရဲ့ စတိုင်တစ်ခုလို ဖြစ်နေပါပြီ။
Ref: Mirror
Trend Myanmar

0 comments:
Post a Comment