အချစ်ရေးနဲ့ပတ်သက်ပြီး ငြင်းဆိုလိုက်ပြန်တဲ့ အောင်ရဲလင်း


လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချော အောင်ရဲလင်းက သူလက်ရှိ သုံးနေတဲ့ Instagram အကောင့် deep-ayl မှာ ကျိုက်ထီးရိုး ဘုရားသွားဖူးနေတဲ့ သူနဲ့ သူ့ချစ်သူရဲ့နောက်ကျောပုံကို တင်ထားခဲ့တဲ့ အတွက် သူ့ကို အခိုင်အမာအားပေးနေတဲ့ ပရိသတ်တွေ စိတ်ဘ၀မကျဖြစ်ခဲ့ရသလို လူမှုကွန်ယက်တွေမှာလဲ ပျံ့နှံ့သွားတဲ့အတွက် အဲ့ဒီပုံကို သူ့ instagram အကောင့်မှာ ပြန်ဖျက်ထားတာကိုတွေ့ရပါတယ်။
ဒါ့ကြောင့် သူ့အချစ်ရေးနဲ့ပတ်သက်ပြီး အောင်ရဲလင်းကို မေးမြန်းဖို့အတွက် ကောင်းကင်တစ်ခုအလိုရှိသည် ရှုတင်မှာ သွားရောက်တွေ့ဆုံ မေးမြန်းဖြစ်တဲ့အခါ ဘာမှပြောစရာမရှိသေးပါဘူးလို့ ပြောပြခဲ့သလို လက်ရှိအချစ်ရေးကိုလဲ ဘာမှပြောစရာမရှိသေးပါဘူး လို့ငြင်းဆိုသွားခဲ့ပါတယ်။
လက်ရှိရိုက်ကူးနေတဲ့ ကားကြီးနဲ့ပတ်သက်ပြီး သူပြောပြသွားတာကတော့" ခုရိုက်နေတဲ့ကားက ကောင်းကင်တစ်ခုအလိုရှိသည်တဲ့။ အရင်က ကိုလွင်မိုးတို့ ရိုက်ခဲ့တဲ့ ဗီဒီယိုကို ကားကြီးအနေနဲ့ ပြန်ပြောင်းပြီးရိုက်တာပေါ့။ ကျွန်တော်က အဲ့ဒီထဲမှာ သူခိုးကာရိုက်တာပါ။ ပက်ထရစ်ရှာနဲ့တစ်တွဲ သရုပ်ဆောင်ရတယ်။ ခါးပိုက်နှိုက် အလစ်သုတ်သမားတစ်ယောက်ရဲ့ကာရိုက်တာပါ။ ကာရိုက်တာ သိရကတည်းက ရိုက်ဖို့ပဲ စဉ်းစားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တစ်ခါမှ မရိုက်ဖူးလို့ပါ"တဲ့။
လက်ရှိမှာ ရုံတင်နေတဲ့ ချစ်လှစွာသော အမုန်း ဇာတ်ကားနဲ့ပတ်သက်ပြီးတော့လဲ " အားပေးကြပါတယ်။ ပရိသတ်တော်တော်များများ အားပေးကြတယ်။ လက်မှတ်ထိုးပွဲကိုလဲ ပရိသတ်တွေ လာကြတယ်။ အဲ့ဒီအတွက်လဲ အရမ်းပျော်ရွှင်မိတယ်။ ဒီကားမှာပြောရရင် ကျွန်တော်ပါတဲ့ အခန်းနည်းတယ်ဆိုပေမဲ့ မင်းသားတစ်ယောက်မှာ အရေးကြီးတာက ဇာတ်လမ်းမြောက်များစွာ ဇာတ်လမ်းပေါင်းမျိုးစုံ ရိုက်သင့်တယ်လို့ကျွန်တော်ထင်တယ်။ ကျွန်တော်တို့နောက်ပိုင်း ရုံတင်မဲ့ ရုပ်ရှင်ကားကြီးတွေဆိုရင် အများကြီး ရိုက်ထားတယ်။ ဒါပေမဲ့ အမြဲတမ်း ကိုယ့်ဇာတ်ကြီးပဲဆိုရင် ကြည့်ရတဲ့ ပရိသတ်လဲ ကြာရင်ရိုးမယ်။ အခုရိုက်နေတဲ့ကားဆိုရင်လဲ ကိုခန့်နဲ့ ကျွန်တော်နဲ့ အပြိုင်ဇာတ်ပဲ။ ဇာတ်လမ်းပေါင်းမျိုးစုံ ရှိသင့်တယ်လို့ကျွန်တော်ထင်တယ်။ ဒါကြောင့် ဒီကားမှာ အားမလို အားမရဖြစ်ခဲ့တဲ့ ပရိသတ်တွေအတွက်နောက်ပိုင်းထွက်လာမယ့် ဇာတ်တွေလဲရှိပါသေးတယ်။ ကျွန်တော်ထင်ပါတယ်။ ပိုပြီးကြိုက်ကြမှာပါ"လို့ သူက ပြောပြသွားပါတယ်။
၂၀၁၆ မှာဆက်လုပ်သွားမဲ့ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ကားကြီးတွေလက်ခံထားသလို ဗီဒီယိုတွေကိုလဲ ရိုက်ဖို့ပြောထားတာတွေရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၅ ကိုပြန်လည်သုံးသပ်မိတဲ့အပိုင်းနဲ့ပတ်သက်ပြီး သူက "၂၀၁၄ ကထက်စာရင် ၂၀၁၅မှာ ပိုပြီးတော့ ကောင်းတယ်လို့ ထင်ပါတယ်။ အလုပ်တွေသေချာ စိစစ်ပြီး လုပ်ဖြစ်တယ်။ ၂၀၁၅ ထက်စာရင် ၂၀၁၆ မှာ ပိုပြီးကောင်းအောင် ကျွန်တော်ကြိုးစားနေပါတယ်။ တစ်နှစ်လုံးအတွက် အားမလို အားမရဖြစ်ခဲ့တာတော့ သိပ်မရှိဘူး။ ၂၀၁၅ မှာ လုပ်ခဲ့တဲ့အလုပ်တိုင်းအတွက် ကျွန်တော်ကျေနပ်တယ်"တဲ့။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment