ဆူဇူကီးဖလား ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ၂ဝဝ၄ ခုနှစ် ပြိုင်ပွဲတွင်သာ အုပ်စုအဆင့်ကို ကျော်လွန်နိုင်ခဲ့သည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲတွင် အောင်မြင်မှုရယူရန် မျှော်လင့်ထားကြောင်း မြန်မာလက်ရွးစင် ဘောလုံးအသင်းနည်းပြ ဂတ်ဖရိုင်းဒရစ်က ပြောခဲ့သည်။
၂ဝ၁၆ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့က လာမည့် နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၇ ရက် အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။
''ဆူဇူကီးက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်တဲ့အတွက် ရလဒ်ကောင်းဖို့ အရေးကြီးပါတယ်။ ဆူဇူကီးမတိုင်မီ ခြေစမ်းပွဲတွေ ကစားမှာဖြစ်တဲ့အပြင် လာမယ့် စက်တင်ဘာလောက်မှာ ဂျာမနီမှာ လေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။ လေ့ကျင့်ပြင်ဆင်မှု ကောင်းကောင်း လုပ်မှာဖြစ်လို့ ဆူဇူကီးဖလားမှာ အောင်မြင်မှုတစ်ခုရဖို့လဲ မျှော်လင့်ထားတယ်''ဟု ဂတ်ဖရိုင်းဒရစ်က ပြောသည်။
အဆိုပါပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းသည် ပြင်ဆင်ချိန် သုံးလခန့်ရရှိမည်ဖြစ်ကာ ဂျာမနီနှင့် နယ်သာလန်နိုင်ငံများတွင် ခြေစမ်းပွဲများ သွားရောက်ကစားမည်ဟု သိရသည်။
မြန်မာအသင်းသည် လာမည့်မတ်လနှင့် မေလများတွင် နိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲ ကစားမည်ဖြစ်ကာ လေးနိုင်ငံဖိတ် ခေါ်ဖလားပြိုင်ပွဲကိုလည်း မေလအတွင်းပြု လုပ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။
ဆူဇူကီးဖလား ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ၂ဝဝ၄ ခုနှစ် ပြိုင်ပွဲတွင်သာ အုပ်စုအဆင့်ကို ကျော်လွန်နိုင်ခဲ့သည်။Credit - Duwun

0 comments:
Post a Comment