ထားဝယ်ဒေသသို့လာ ရောက်လည်ပတ်သည့်နိုင်ငံခြား သားခရီးသွားဧည့်သည်များသည် ကမ်းခြေနေရာသစ်များကို ပိုမို စိတ်ဝင်စားလာကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများနှင့် ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယခင်က နိုင်ငံခြားသားများ အပါအဝင် ပြည်တွင်း၊ ပြည်ပခရီး သွားများသည် မောင်းမကန်ကမ်း ခြေ၊ မျှော်ရစ်ဘုရား စသည့်ဒေသ တွင်း ထင်ရှားပြီး လူစည်ကား သည့် နေရာများသို့ အဓိကလည် ပတ်လေ့ရှိကြသည်။
ဒေသအတွင်း ခရီးသွားဝန် ဆောင်မှုများသည့် မောင်းမကန် ကမ်းခြေသည် ကမ်းခြေအလျား ရှည်လျားသော်လည်း လာရောက် လည်ပတ်သူ များသောကြောင့် စွန့်ပစ်အမှိုက်များရှိလာကြောင်း၊ ထို့ကြောင့် မောင်းမကန်ကမ်းခြေ ၏တောင်ဘက်ရှိ ဇင်းထောင့် အော်၊ ပညစ်၊ စမ်းလှမ်းအော်၊ တီဇစ်ကမ်းခြေများနှင့် မောင်း မကန်ကမ်းခြေ၏မြောက်ဘက်ရှိ မယင်းကြီးနှင့် ဝဘိအော်ကမ်းခြေ အပါအဝင် ကမ်းခြေအသစ်များ ကို နိုင်ငံခြားသား ဧည့်သည်များ ပိုမိုသွားရောက်လည်ပတ်မှုများ လာကြောင်း ဒေသခံ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင် နေသူများထံမှ သိရသည်။
‘‘နိုင်ငံခြားသားတွေက ကမ်း ခြေအသစ်တွေကို ပိုသွားချင်ကြ တယ်။ လူစည်နေတဲ့ နေရာတွေ ထက် အေးအေးဆေးဆေးလေ့ လာနိုင်တဲ့ ပင်လယ်ကမ်းခြေနေ ရာတွေကို စိတ်ဝင်စားလာကြ တယ်။ ဒါကြောင့် သူတို့အတွက် စက်လှေနဲ့ Long Beach အစီ အစဉ် ပြေးဆွဲပေးသွားမယ်’’ဟု လောင်းလုံးမြို့နယ် ကမ်းပနီကျေး ရွာနေ လှေအငှားလိုက်နေသူတစ် ဦးက ပြောသည်။
ယင်းအစီအစဉ်တွင် အ နည်းဆုံး ကမ်းခြေလေးခုပါဝင် မည်ဖြစ်ပြီး ကမ်းခြေတစ်ခုချင်း စီသို့ ပို့ဆောင်ပေးမည် ဖြစ်ကာ နေ့ချင်းပြန် ခရီးစဉ်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ကမ်းခြေသစ်များ သည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိခဲ့ပြီး ယခုအခါ ကျေး ရွာချင်း ဆက်လမ်းများဖောက် လုပ်ပေးထားခြင်းကြောင့် ခရီး သွားများ ပိုမိုဝင်ရောက်လာမှုများ ကြောင်း ဒေသခံများက ပြော ကြားသည်။
နိုင်ငံခြားသား ခရီးသွားအ များစုသည် ပင်လယ်အော်များ၊ ကမ်းခြေများသို့ လာရောက်လည်ပတ်ရာတွင် ကျောက်တန်းများအား လေ့လာခြင်း၊ ရေငုပ်ခြင်းများ အဓိက လုပ်ဆောင်ကြလေ့ရှိကြောင်း သိရသည်။
7day daily
0 comments:
Post a Comment