မြောက်ကိုရီးယားနိုင်ငံသည် ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးအား ပထမဆုံး အကြိမ်အဖြစ် အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ကြောင်း ဇန်န၀ါရီ ၆ ရက် နံနက်တွင် ကြေညာခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ မြောက်ပိုင်း၊ ကီလ်ဂျူ မြို့မှ မိုင် ၃၀ ခန့်အကွာ ပန်ဂျီရီ နျူကလီးယား စမ်းသပ်ဧရိယာတွင် ရစ်ခ်ျတာစကေး ၅.၁ ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း နိုင်ငံတကာရှိ ငလျင် တိုင်းတာရေးစခန်းများက တိုင်းတာရရှိပြီးနောက် နာရီပိုင်းအကြာတွင် မြောက်ကိုရီးယားက အထက်ပါအတိုင်း ကြေညာခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံပိုင် KCTV တွင် ထုတ်လွှင့်ခဲ့သည့် ကြေညာချက်တွင် “အလုပ်သမားပါတီ၏ မဟာဗျူဟာ သန္နိဋ္ဌာန်ကို အခြေခံ၍ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲခြင်းအား ၂၀၁၆ ဇန်န၀ါရီ ၆ ရက် နံနက် ၁၀ နာရီတွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်” ဟု ဖော်ပြခဲ့သည်။
စမ်းသပ်မှု ပြုလုပ်ခဲ့သည့် ဧရိယာသည် ၂၀၀၆ ၊ ၂၀၀၉ နှင့် ၂၀၁၃ တွင် နျူကလီးယားဗုံး စမ်းသပ်မှုများ
ပြုလုပ်ခဲ့သည့် နေရာဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လင်ဆမ်နမ်က မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref; Koreatimes
KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies
0 comments:
Post a Comment