မြန်မာနိုင်ငံ၏ စားနပ် ရိက္ခာဖူလုံမှုကို လေ့လာရန်ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က တစ်နိုင်ငံလုံးတွင် သုတေသနအရင်းအမြစ်စင်တာများထားရှိကာစစ်တမ်းများကောက်ယူမည်ဟု သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံ၏ စားနပ် ရိက္ခာဖူလုံမှုကို လေ့လာရန်ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က တစ်နိုင်ငံလုံးတွင် သုတေသနအရင်းအမြစ်စင်တာများထားရှိကာစစ်တမ်းများကောက်ယူမည်ဟု သတင်းထုတ်ပြန်သည်။
တစ်နိုင်ငံလုံးအနှံ့ဖွင့်လှစ် မည့် သုတေသနအရင်းအမြစ်စင်တာများက မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော စားနပ်ရိက္ခာဖူလုံမှုအခြေအနေများကို နိုင်ငံအတွင်းရှိ ပြည်သူ့ဝန်ထမ်းများ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအကူအညီပေးရေးအဖွဲ့အစည်းများမှ ၀န်ထမ်းများကိုအသုံးပြု၍ အချက်အလက်များ ကောက်ယူမည်ဖြစ်သည်။
မြန်မာအစိုးရက လက်ရှိ ဆောင်ရွက်နေသည့် ငတ်မွတ် ခေါင်းပါးမှုနှင့်ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပံ့ပိုးသည့်အနေဖြင့် ကူညီခြင်းဖြစ် ကြောင်း WFPက စစ်တမ်း ကောက်ယူရခြင်း၏ ရည်ရွယ် ချက်ကို ထုတ်ပြန်ကြေညာခဲ့ သည်။
‘‘ဆင်းရဲနွမ်းပါးမှုနဲ့ ငတ် မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေး၊ ပြိုကျခဲ့ရာ လူ ၂၀၀ ခန့် သေဆုံးခဲ့ပြီး နောက် ယခုအခါ ထပ်မံပြိုကျ ခြင်းဖြစ်ကြောင်း ထိုနေရာအနီး တွင်ရှိနေသည့် ရေမဆေးကျောက်ရှာဖွေသူများက ပြောသည်။
‘‘ရေမဆေးတွေ ကျောက် ရှာနေချိန်လေ။ ၈၀ နဲ့ ၁၀၀ ကြား ပါသွားတယ်လို့ ခန့်မှန်းရတယ်’’ ဟု မြေစာပုံပြိုကျရာသို့ သွား ရောက်ကြည့်ရှုခဲ့သည့် ရေမဆေး ကျောက်ရှာဖွေသူ ကိုကျော်ထွန်း က ပြောသည်။
တစ်သုံးလုံးမြေစာပုံ ထပ်မံ ပြိုကျမှုကို တာဝန်ရှိသူများ လာ ရောက် စစ်ဆေးနေကြ၍ အနီး ဝန်းကျင် မြေစာပုံများတွင် ရေမ ဆေးကျောက်ရှာဖွေခွင့်ပိတ်ထား ကြောင်း ကုမ္ပဏီဝန်ထမ်း ကိုမင်းလွင်က ပြောသည်။
မြေစာပုံပြိုကျရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့သွားရောက် နေပြီး လူတစ်ရာခန့်မြေပိသွား သည်ဆိုသည့်သတင်းကို အတည် မပြုနိုင်ဘဲ အနည်းငယ် သေဆုံး နိုင်သည်ဟု ကယ်ဆယ်ရေးအဖွဲ့ က သတင်းပို့ကြောင်း ဖားကန့်မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေ မြင့်က ပြောသည်။
ဖားကန့်ဒေသတွင် ကျောက် စိမ်းတူးဖော်နေသည့် စက်ယန္တရားများစာရင်းကို လာရောက်စစ် ဆေးနေသည့် ပြည်ထဲရေးဒုတိယ ဝန်ကြီးဦးဆောင်သည့် စစ်ဆေး ရေးအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက်နေ့လယ်က ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
တစ်သုံးလုံးမြေစာပုံသည် ၂၀၁၅ နိုဝင်ဘာ ၂၁ ရက်က ပြိုကျ ပြီးနောက်ပိုင်း ယခုအခါ ပြိုကျမှု ခြောက်ကြိမ်အထိ ဖြစ်ပွားခြင်း ဖြစ်သည်။ ပြိုကျမှုတိုင်း လူသေ ဆုံးမှုအနည်းနှင့်အများရှိခဲ့ပြီး အ ရေအတွက် အတိအကျကိုမူ ပြန် မရှာဖွေနိုင်ခဲ့ပေ။ ကျောက်စိမ်း ကုမ္ပဏီများက စွန့်ပစ်မြေစာများ စနစ်တကျ မပုံသောကြောင့် ပြို ကျမှုများဖြစ်ပွားခြင်းဖြစ်ကြောင်း ဝေဖန်မှုများရှိနေသည်။credit - 7Day Daily

0 comments:
Post a Comment