ရီးရဲလ်မက်ဒရစ်အ သင်းသည် နည်းပြသစ် ဇီဒန်း လက်ထက် ဘက်တစ်နှင့် တစ်ဂိုးစီ သရေကျခဲ့ပြီး အက်သလက်တီ ကိုမှာလည်း တစ်ယောက်လျော့ ဆီဗီလာကို အနိုင်မယူနိုင်ခဲ့ဘဲ ဂိုးမရှိ သရေကျခဲ့၍ လာလီဂါ အ မှတ်ပေးဇယားကို ဘာစီလိုနာက ဦးဆောင်ထားသည်။
ဘက်တစ်က အယ်လ်ဗာရို စီဂျူဒို၏ ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ဘန် ဇီးမားက ရီးရဲလ်အတွက် ဒုတိယ ပိုင်းတွင် ချေပဂိုးသွင်းခဲ့၍ တစ်ဂိုး စီ သရေကျခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ ကစားခဲ့တဲ့ ပွဲက အခုရလဒ်ထက် အများကြီး ပိုရထိုက်ပါတယ်’’ ဟု ရီးရဲလ် နည်းပြ ဇီဒန်းက ပြောကြားသည်။
ယခုရာသီတွင် လာလီဂါသို့ ပြန်ရောက်လာသော ဘက်တစ် အသင်းသည် ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲ အနိုင်မရဖြစ်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ရာသီက ရီးရဲလ်အိမ်ကွင်း၌ ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးသည်။
ရီးရဲလ်နှင့် သရေကျခဲ့သဖြင့် ယုံကြည်မှု ပိုရှိလာသည်ဟု ဘက် တစ်နည်းပြ ဟွန်မာရီနိုက ပြော ကြားသည်။
အက်သလက်တီကိုအသင်း သည် ဂရစ်မန်း၏ ၅၃ မိနစ် ခေါင်း တိုက်ဂိုးဘားထိသွားခြင်းမှလွဲ၍ ဆီဗီလာအသင်းဘက်သို့ ဂိုးသွင်း နိုင်ခြေများများစားစား မရှိခဲ့ဘဲ ၆၁ မိနစ်တွင် ဆီဗီလာမှ မီတိုလို မာချင်နှစ်ဝါတစ်နီဖြင့် ထွက်ခဲ့ရ သည်။
ဒိုင်လူကြီး၏ ဆုံးဖြတ်ချက် ကို ကန့်ကွက်မှုအတွက် ဆီဗီလာ နည်းပြ အမ်မာရီလည်း ထုတ်ပယ် ခံခဲ့ရသည်။
နည်းပြအမ်မာရီက ဆီဗီလာ အသင်းကို ခံစစ်အသားပေး က စားခဲ့ပြီး ယင်းဗျူဟာသည် အက် သလက်တီကို၏ ကိုးပွဲဆက်တိုက် အနိုင်ရခြင်းကို တားဆီးရာတွင် အောင်မြင်ခဲ့သည်။
ပရီးမီးယားလိဂ်တွင် ချယ်လ် ဆီးအသင်း၌ နည်းပြအပြောင်း အလဲ ပြုလုပ်ခဲ့သော်လည်း လန်ဒန်ဒါဘီပွဲတွင် အာဆင်နယ် အသင်း ချယ်လ်ဆီးကို အနိုင်မရသေးပေ။
အာဆင်နယ်နောက်ခံလူ မာတီဆက်ကာသည် ချယ်လ်ဆီး တိုက်စစ်မှူး ကော်စတာကို တွန်းလှဲခြင်းအတွက် ထုတ်ပယ်ခံခဲ့ရပြီး အာဆင်နယ်အိမ်ကွင်း ချယ်လ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကော်စတာက သွင်းယူခဲ့သည်။
‘‘ကော်စတာကြောင့် မာတီ ဆက်ကာ အထုတ်ခံလိုက်ရတာ အမှန်အကန်ပဲ။ သူ့ကို ကျွန်တော် ဘာမှ မစွပ်စွဲဘူး။ ဖြစ်သွားခဲ့တာ က အဲဒါပါပဲ’’ ဟု အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက ပြော ကြားသည်။Credit - 7Day Daily

0 comments:
Post a Comment