လီဗာပူး ကစားသမားဟောင်း ပီတာခရော့ခ်ျနှင့် အမီရီ ကန် တို့ ပင်နယ်တီ လွဲချော်ခဲ့သည်။
လီဗာပူးအသင်းဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကယ်ပီတယ်ဝမ်းဖလား အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်မှာ စတုတ်ခ်အသင်းကို ပင်နယ်တီအဆုံးဖြတ်နဲ့ အနိုင်ရရှိပြီး ကယ်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲကို တက်ရောက်သွားပါပြီ။
ပထမကျော့ အဝေးကွင်းမှာ (၁-၀) မရှိ အနိုင်ရရှိထားတဲ့ လီဗာပူးအသင်းဟာ ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်မှာတော့ စတုတ်ခ်အသင်းက ပွဲချိန် ၅၁ မိနစ်မှာ အာနာတိုဗစ်သွင်းယူခဲ့တဲ့ ဂိုးနဲ့ သရေကျနေခဲ့ပြီး ပွဲပြီဆုံးချိန်ထိ နှစ်ဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိသဖြင့် ပင်နယ်တီ အဆုံးဖြတ် ခံယူခဲ့သည်။
ပင်နယ်တီကန်သွင်းရာမှာ စတုခ်အသင်းဘက်မှ လီဗာပူးကစားသမားဟောင်း ပီတာခရော့ခ်ျနှင့် အမီရီ ကန် တို့က လွဲချော်ခဲ့သဖြင့် လီဗာပူးအသင်းက (၆-၅) ရလဒ်ဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။
လီဗာပူးအသင်းဟာ အဲဗာတန် (သို့) မန်စီတီးအသင်းနဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံမှာဖြစ်ပါတယ်။
Credit - Duwun

0 comments:
Post a Comment