အအေးဒဏ်ကြောင့် ကျိုင်းတုံ၌ အမျိုးသားတစ်ဦး သေဆုံး


 ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အသက် ၃၀ ၀န်းကျင်အရွယ် ခရီးသွား အမျိုးသားတစ်ဦး မိုးကာတဲ အတွင်း အိပ်နေရာမှ အအေးဒဏ်ကြောင့် သေဆုံးမှု ဇန်န၀ါရီလ(၂၆)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

"ကျွန်တော်တို့ သိရသလောက်တော့ မိုင်းပျဉ်းမှာ အလုပ်သွားလုပ်တယ်လို့ ပြောတယ်။ မိုင်းပျဉ်းကနေ ပြန်လာပြီးတော့ တဲထဲမှာ ၀င်နားပြီး အိပ်ရာကနေ အခုလို ဖြစ်သွားတာဖြစ်မယ်။ သူ့ကိုကြည့်ရတာလည်း အနွေးထည်လည်း မပါဘူး။ စောင်လည်းမပါဘူး"ဟု ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်သူအောင်က ပြောသည်။

ကျိုင်းတုံမြို့နှင့် တုံတာအကြားရှိ ရင်ကွဲတောင် မိုင်တိုင်(၃၇၈)၌ လုပ်သားများ နေထိုင်ခြင်း မရှိတော့သည့် တဲအတွင်း ၂၀၁၆ခုနှစ် ဇန်န၀ါရီလ(၂၆)ရက် နံနက်ပိုင်းက သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

"အရင်က လုပ်သားတွေ နေတယ်။ SAE က လုပ်သားတွေကို အရမ်းအေးလို့ဆိုပြီး အဲဒီနေရာမှာ မနေခိုင်းတော့ဘဲ နေရာတောင် ပြောင်းနေခိုင်းတယ်လို့ ပြောတယ်။ အလုပ်သမားတွေ ပြောင်းနေတဲ့အချိန် သူလည်း လမ်းမှာ အရမ်းအေးလို့ နားရင်း ၀င်အိပ်ရာကနေ တစ်ညလုံးထင်တယ်။ နောက်နေ့ နံနက်မှာ အခုလို ဖြစ်သွားတာဖြစ်မယ်" ဟု ဦးကျော်သူအောင်က ဆိုသည်။


အဆိုပါ မိုးကာတဲ နံဘေးတွင် သေဆုံးသူ၏ မော်တော်ဆိုင်ကယ်လည်း ရှိနေသည်ကို တွေ့ရပြီး ကျိုင်းတုံမြို့မ ရဲစခန်းမှ နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေးအသင်းအား နာရေးကိစ္စ ကူညီနိုင်ရန် အတွက် ဇန်န၀ါရီလ(၂၆)ရက် ညနေ(၅)နာရီခွဲအချိန်က အကြောင်းကြားလာရာ အသင်းသားများက အလောင်းအား သွားရောက် သယ်ဆောင်လာပြီး ကျိုင်းတုံဆေးရုံသို့ ည(၁၀)နာရီခွဲတွင် ပို့ဆောင်ပေးခဲ့ကြောင်း နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေးအသင်းမှ သိရသည်။

ကျိုင်းတုံခရိုင် မိုင်းခတ်အကျော် လွယ်မီတောင်ပေါ်တွင် ဇန်န၀ါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက ရေခဲမှုများဖြစ်ခဲ့ပြီး၊ ဇန်န၀ါရီလ(၂၆)ရက် နံနက်ပိုင်းက (7°C )အထိရှိခဲ့သည်။

ဓာတ်ပုံ။ ။ နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေးအသင်း(ကျိုင်းတုံ)
Tachileik News Agency
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment