ကိုလံဘို ၊ ၆-၁-၂ဝ၁၆
ပြာလဲ့သော အရောင်ရှိသည့် ကမ္ဘာ့အကြီးဆုံး နီလာကျောက်ကြီး တစ်လုံးကို သီရိလင်္ကာနိုင်ငံရှိ သတ္တုတွင်း တစ်ခု၌ ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ကျောက်မျက် ရတနာ ပညာရှင်များ၏ အတည်ပြု ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါနီလာ၏ အလေးချိန်မှာ ၁၄ဝ၄ ဒသမ ၄၉ ကာရတ်ရှိပြီး ၄င်းထက် အရွယ်အစား ကြီးမားသည့် နီလာမျိုးကို ယခင်က မတွေ့ရှိခဲ့ ဖူးကြောင်း ကိုလံဘိုမြို့ရှိ ကျောက်မျက် ရတနာဌာနက ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် အတည်ပြု ပြောကြား ခဲ့သည်။
၎င်းနီလာ၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ထက်မနည်း ရှိမည်ဟု ခန့်မှန်းထားပြီး အမေရိကန် ဒေါ်လာ ၁၇၅ သန်းဖြင့် လေလံတင် ရောင်းချရန် စီစဉ်ထားသည်။
သီရိလင်္ကာ နိုင်ငံသည် နီလာကို အဓိကထား၍ ပြည်ပသို့ တင်ပို့ ရောင်းချသည့် နိုင်ငံဖြစ်ပြီး နှစ်စဉ်ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ကျော် ရရှိကြောင်း သိရသည်။
ပြာလဲ့လဲ့ အရောင်ရှိသော ၄င်းနီလာကြီး ကို မြင်မြင်ချင်း ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အရောင်းအဝယ် ပြုလုပ်နေစဉ် အတွင်း ကမ္ဘာ့အကြီးဆုံး နီလာကြီး တစ်လုံး ဖြစ်မည်ဟု ယူဆမိကြောင်း လက်ရှိပိုင်ရှင် က ထုတ်ဖော် ပြောကြားသည်။
ယခင်က ကမ္ဘာ့အကြီးဆုံး နီလာအဖြစ် သတ်မှတ်ခံရသည့် နီလာ၏ အလေးချိန်မှာ ၁၃၉၅ ကာရတ် ရှိသည့်အတွက် ယခု တွေ့ရှိသည့် နီလာကြီးသည် ကမ္ဘာ့ အကြီးဆုံး နီလာဟု ထပ်မံ သတ်မှတ်ခံရမည်
ဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။
၎င်းနီလာကြီးကို သီရိလင်္ကာနိုင်ငံ တောင်ပိုင်းရှိ ကျောက်မျက် ရတနာမြို့တော် ဟု တင်စားထား ရသည့် ရတ်နာပူရာမြို့ တွင် တူးဖော်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။
PyiChitThar
http://www.pyichitthar.com
0 comments:
Post a Comment