FMI အိမ်ရာတွင် နေအိမ်တစ်ခုအား ၀င်ရောက် လုယက်၊ အိမ်ဖော်ကောင်မလေးအား အဓမ္မ မုဒိမ်းကျင့်မှု ဖြစ်ပွား


ရန်ကုန်မြို့ FMI အိမ်ရာတွင် ဇန်န၀ါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက နေအိမ်အတွင်း ၀င်ရောက်ကာ သိန်း ၂၀၀ ကျော် တန်ဖိုးရှိပစ္စည်းများအား လုယက်ကာ အဆိုပါ အိမ်ရှိ ကောင်မလေးအား အတင်းအဓမ္မ မုဒိမ်းကျင့်မှု ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိခဲ့သည်။

လှိုင်သာယာမြို့နယ် FMI အိမ်ရာ အမှတ် ၄ ရပ်ကွက် အိမ်အမှတ် ၁၇၃၊ ယမင်းရွှေစင် သစ်ခွလမ်းတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်က အဆိုပါနေအိမ်တွင် အိမ်ဖော် ကောင်မလေးနှင့်အသက် ၉၃ နှစ်အရွယ် အဘွားအိုတစ်ဦးတို့ရှိနေစဉ် ဘောင်းဘီ အတိုအနက်နှင့်အင်္ကျီအဖြူရောင် ၀တ်ဆင်ထားသည့်
ခန့်မှန်းအသက် ၂၇ နှစ် အရွယ် အမျိုးသားတစ်ဦးက နေအိမ်ခြံဝန်းအတွင်း ရောက်ရှိလာကြောင်း၊

ယင်းနောက် အဆိုပါ အမျိုးသားက အိမ်ဖော်ကောင်မလေးအား အိမ်နောက်ဖေးဘက်သို့ ခေါ်ကာ ပါးစပ်ကိုတိတ်နှင့် ပိတ်၊ လက်နှစ်ဖက်ကို ကြိုးဖြင့်နောက်ပြန်တုတ် နှစ်ထပ်အိမ် အိမ်ပေါ်ထပ်သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းအချိန်တွင် အသက် ၉၃ နှစ်အရွယ် အဘွားအိုမှာ နေအိမ်အောက်ထပ်ရှိ အခန်းတစ်ခုတွင်
ရှိနေကြောင်း သက်ဆိုင်ရာ မြို့မစခန်းတွင် အိမ်ဖော်ကောင်မလေး၏ ထွက်ဆိုချက်များအရ သိရသည်။

အိမ်ပေါ်ထပ် အရောက်တွင် အဆိုပါ အမျိုးသားက အိမ်ဖော်ကောင်မလေးအား ဓားဖြင့်ထောက်ကာ ပစ္စည်းများထားသော နေရာပြရန် ပြောဆိုခဲ့ပြီး အဆိုပါမိန်းကလေးမှ လော့ချထားသော အခန်းတွင် ထားသည်ဟု ပြောကြားခဲ့ရာ အဆိုပါ တံခါးအား တူဖြင့် ရိုက်ဖွင့်ခဲ့ကြောင်း၊ အခန်းအတွင်းတွင် မီးခံသေတ္တာ` တစ်လုံးနှင့် ခရီးဆောင်အိတ် တစ်လုံးတွေ့ရှိခဲ့ကြောင်း၊ ခရီးဆောင်အိတ်ကို ဖျက်ကာ အိတ်အတွင်းမှ မီးခံသေတ္တာ သော့ရရှိခဲ့ပြီး အဆိုပါသော့ဖြင့် မီးခံသေတ္တာအား ဖွင့်ကာ အတွင်းရှိ အမေရိကန်ဒေါ်လာ ၆၀၀၀ နှင့် ရွှေထည်ပစ္စည်းတန်ဖိုးကျပ်သိန်း ၁၃၀ အပါအ၀င် စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀၀ ၀န်းကျင်အား
ယူဆောင် သွားခဲ့ကြောင်း အဆိုပါ ထွက်ဆိုချက်များအရ သိရသည်။

အဆိုပါ အမျိုးသားက အခြားအိပ်ခန်းအတွင်း ခေါ်ဆောင်ကာ အိမ်ဖော်ကောင်မလေးအား အတင်းအဓမ္မ မုဒိမ်းကျင့်ခဲ့ပြီး စုစုပေါင်းအချိန် တစ်နာရီကျော်ကြာ မြှင့်ခဲ့ကာသော့တောင်းကာ နေအိမ်ခြံဝန်းအတွင်းမှ ထွက်ခွာသွားကြောင်း၊ ယင်းနောက်အိမ်ရှင်များထံ ဖုန်းဆက်အကြောင်းကြား ခဲ့ကြောင်း၊ သက်ဆိုင်ရာ လုံခြုံရေးများထံအကြောင်းကြားခဲ့ကြောင်း ထွက်ဆိုချက်များအရ သိရသည်။

’ဒီနေရာမှာ နေလာတာ ၉ နှစ်လောက်ရှိသွားပြီ တစ်ခါမှ မဖြစ်ဖူးဘူး ။ အိမ်ဖော်ကောင်မလေးက ၆ လရှိပြီ။ အိမ်မှာလုပ်နေတာ သူ့ကိုက အရင်က အိမ်မှာ ၆နှစ်လောက် လုပ်သွားတဲ့ အိမ်ဖော်ကပဲ ရှာပေးတာ အိမ်မှာမရှိတော့လို့ ဖြစ်တယ်ဆိုတာ သေချာမသိဘူး ခုတော့ ရဲစခန်းက စစ်နေတယ်” ဟု အိမ်ရှင် ဆရာဝန်
အမျိုးသမီးက The Ladies News Journal ကိုပြောသည်။

ယင်းနေအိမ်တွင် ဆရာဝန်လင်မယားနှစ်ဦး၊ ဒေါ်တော်စပ်သူ အဘွားတစ်ဦးနှင့် အိမ်ဖောင်ကောင်းမလေး တစ်ဦးသာ နေထိုင်ပြီး အခင်းဖြစ်ပွားစဉ်တွင် ဆရာဝန်အမျိုးသားမှာ စင်ကာပူနိုင်ငံသို့ သွားရောက်နေကာ ဇနီးဖြစ်သူမှာ အလုပ်သွားနေကြောင်း သိရသည်။

အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးက “ဖြစ်ပြီးတော့ သွားကြည့်တော့ အိမ်မှာ ပစ္စည်းတွေ ဖရိုဖရဲဖြစ်နေတာတော့ တွေ့တယ် ။ ကောင်မလေးကတော့ လုပြီးတော့မုဒိမ်းကျင့်တယ်လို့ ထွက်တယ် ။ ဘယ်လိုဖြစ်တယ် ဆိုတာကိုတော့ အမှုကြီးတော့ တိုင်းကရဲတွေပါ ဆင်း စစ်နေပါတယ်’ ဟု ပြောသည်။

ယင်းလုယက်မှုနှင့် အတင်းအဓမ္မ ကြံစည်မှုတို့နှင့်ပက်သက်၍ လှိုင်သာယာ မြို့နယ်မြို့မ ရဲစခန်းမှ ပ-၆၅ / ၂၀၁၆ အရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၆၊ ၃၇၆တို့ဖြင့် အမှုဖွင့်ကာ တိုင်းဒေသကြီး ရဲတပ်မှ တာဝန်ယူစစ်ဆေးလျက် ရှိကြောင်းသိရသည်။

FMI အိမ်ရာတွင် ယခင်နှစ်များကလည်း လုယက်မှုများ ဖြစ်ပွားခဲ့ဖူးပြီး ၄င်းအိမ်ရာမှာ အကျယ်အ၀န်း ၅၀၀ ဧက ကျော်၇ှိကာ အိမ်ခြေ ၁၈၀၀ ကျော်ရှိကြောင်း သိရသည်။

သတင်း - မျိုးမင်းပိုင်
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment