ရှေ့မှယာဉ်အားကျော်တက်သည့်ဆိုင်ကယ် တစ်ဖက်မှလာသည့်ကားနှင့်တိုက်မိပြီး လူနှစ်ဦးသေဆုံး


သထုံ ၊ ဇန်န၀ါရီ ၊ ၁၃

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲချိန်ခန့်က ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ လူနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ဆိုင်ကယ်က ရှေ့ကကားကိုကျော်တက်တာ တစ်ဖက်က လာနေတဲ့ကားနဲ့ မျက်နှာချင်းဆိုင် တိုက်မိတာဘဲ။ အရှိန်ကပါတော့ ဆိုင်ကယ်ရောကားရော အတော်လေးထိခိုက်သွားတယ်။ ဆိုင်ကယ်ပေါ်ပါတဲ့လူနှစ်ယောက်ကတော့ ဒဏ်ရာတော်တော်လေးပြင်းတယ်။ ဆေးရုံကို သယ်သွားကြပြီ” ဟု ယာဉ်တိုက်မှုအား မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။


ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဘီးလင်းဘက်မှ သထုံဘက်သို့ ကျိုက္ကော်ရပ်ကွက်တွင်နေသည့် အသက် ၁၉ ခန့်ရှိ ကိုခန့်မင်းအောင် မောင်းနှင်ပြီး နောက်မှ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာတွင် နေသူ အသက် ၂၆ နှစ်ခန့်ရှိ ကိုဂနီ (ခ )ဆန်းဝင်းထွန်း လိုက်ပါလာသော ဆိုင်ကယ်အမှတ် ၁၃ယ/၃၈၄၃၇ Dream 125 ဌက်ခါးရောင်ဆိုင်ကယ်သည် ရှေ့မှမောင်းနှင်နေသော ဒိုင်နာယာဉ်အား ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ဦးညီညီ အသက် ၃၇ နှစ် ကျောက်တစ်လုံးကျေးရွာ ဘီးလင်းမြို့တွင်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် EE/4115 ပရိုဘောက်ယာဉ်ဖြင့်တိုက်မိခဲ့ပြီး ဆိုင်ကယ်ပေါ်ပါသူ နှစ်ဦးတို့မှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ရာ သထုံခရိုင်ဆေးရုံကြီးသို့ တင်ပို့စဉ် အဆိုပါ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ပရိုဘောက်ယာဉ်မောင်း ဦးညီညီနှင့် ဆိုင်ကယ်မောင်းနှင်သူ ခန့်မင်းအောင်တို့အား ယာဉ် (ပ) ၃/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၄ -က အရ အရေးယူထားကြောင်း သထုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

သက်ဦး(သထုံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment