အရွယ်အစားသေးငယ်တဲ့ iPhone ကို လာမယ့် ဧပြီလထဲမှာ ထုတ်လုပ်သွားမယ်လို့ ကောလာဟလ သတင်းထွက်နေပါတယ်။
Apple က မျက်နှာပြင် ၄ လက်မအရွယ် iPhone 6 ကိုဒီနှစ်ထဲမှာ ထုတ်လုပ်မယ့် အကြောင်း ကောလဟာလတွေ ထွက်လာပြန်ပါတယ်။ အင်တာနက် အသုံးပြုသူတစ်ဦးက One More Thing ဆိုတဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ အဆိုပါ iPhone အသစ်ရဲ့ ဓာတ်ပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံထဲမှာ အသစ်ထွက်လာမယ့် iPhone နဲ့ အရင်ထွက်ပြီးသား iPhone 5 တို့ကို ယှဉ်ပြထားပါတယ်။ ဓာတ်ပုံထဲက ဖုန်းနှစ်လုံးဟာ အရွယ်အစား တူညီနေပြီး တစ်လုံးက နောက်ဆုံး ထွက်ထားတဲ့ iPhone 6 မျိုးဆက်ဒီဇိုင်းနဲ့ တူညီနေပါတယ်။
play
ပေါက်ကြားခဲ့တဲ့ မျက်နှာပြင် ၄ လက်မအရွယ် iPhone
မျက်နှာပြင် ၄ လက်မအရွယ် iPhone အသစ်ကို လာမယ့် ဧပြီလထဲမှာ ဖြန့်ချီသွားမယ်လို့ သတင်းတွေထွက်နေပါတယ်။ အဲဒီ iPhone အသစ်ဟာ iPhone 6 လိုပဲ A8 ပရော်ဆက်ဆာနဲ့ M8 ချိပ်စ် ကိုအသုံးပြုထားတယ်လို့ ဆိုပါတယ်။ မျက်နှာပြင် သေးငယ်တဲ့ ဒီ iPhone ကို iPhone 6c ဒါမှမဟုတ် iPhone 6 mini လို့ခေါ်ဆိုဖွယ် ရှိနေပါတယ်။Credit - Duwun

0 comments:
Post a Comment