ပိုမိုကောင်းမွန်တဲ့ဘ၀အတွက် အသက် ၂၀ ကျော်အရွယ်တွေမှာ လုပ်ရမယ့် ဘ၀နေထိုင်မှုစတိုင်ပြောင်းလဲချက် (၂၀)



၁။ ခရီးထွက်ပါ။ အမှတ်တရနဲ့အတွေ့အကြုံတွေထဲမှာ ရင်းနှီးမြှုပ်နှံပါ။ မတူညီတဲ့ ယဉ်ကျေးမှုတွေထဲမှာ နစ်မြှုပ်ပိး မတူညီတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ဆုံဖို့ သင့်အချိန်ကို အသုံးချပါ။
၂။ ဒီအချိန်မှာ ပိုက်ဆံပိုက်ဆံဆိုပြီး ငွေနောက်ကိုချည်း မလိုက်သင့်ပါဘူး။ ငွေကြေးကို ရည်မှန်းချက်ပန်းတိုင်အနေနဲ့မဟုတ်ဘဲ သင်အလုပ်ကြိုးစားမှုရဲ့ ရလဒ်တစ်ခုအဖြစ်သာသတ်မှတ်ပါ။
၃။ ငွေကြေးစုဆောင်းပါ။ ငွေကို ဘုရင်တစ်ဆူလို မကိုးကွယ်နဲ့ဆိုပေမယ့် ရသမျှအကုန် အလဟဿ ဖြုန်းတီးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ စုဆောင်းတတ်တဲ့အကျင့် ရှိပါစေ။
၎။ တက်တက်ကြွကြွနေပါ။ စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ အလွန်အထောက်အကူပြုပါတယ်။ ထိုင်းမှိုင်းလေးလံမှုကြောင့်ဖြစ်လာမယ့် မလိုလားအပ်တဲ့ရောဂါတွေကို တားဆီးပြီးသား ဖြစ်သွားတာပေါ့။
၅။  သင့်သွားတွေကို ဂရုစိုက်ပါ။
၆။ အရေပြားကိုလည်း ဒီအတိုင်းပါပဲ။
၇။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် စားသောက်မှုပုံစံကို လေ့ကျင့်ပျိုးထောင်ပါ။
၈။ နည်းပညာမြင့်ပစ္စည်းတွေပေါ် မှီခိုတွယ်တာမှုကို လျှော့ချပါ။
၉။ စိတ်ဓာတ်ခွန်အားဖြည့်ပါ။
၁၀။ ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေကိုပါ ခွင့်လွှတ်လိုက်ပါ။
၁၁။ ဒရာမာဇာတ်လမ်းတွဲတွေဇာတ်ကားတွေနဲ့ အချိန်မကုန်ပါစေနဲ့။
၁၂။ ရဲရင့်မှုကို တည်ဆောက်ပြီး အကြောက်တရားတွေကို ရင်ဆိုင်ပါ။
၁၃။ အချိန်ကို သေချာစီမံခန့်ခွဲအသုံးချပြီး ပိုမိုအကျိုးဖြစ်ထွန်းပါစေ။
၁၄။ ရည်မှန်းချက်ပန်းတိုင်တွေချမှတ်ပြီး အဓိကနဲ့ သာမညကို ခွဲခြားလုပ်ဆောင်တတ်ပါစေ။
၁၅။ လေ့လာသင်ယူပါ။ လေ့လာသင်ယူပါ။ လေ့လာသင်ယူပါ။
၁၆။ ကိုယ့်ကိုယ်ကိုယ်သိဖို့နဲ့ ကိုယ်ပိုင်ဥာဏ်အတွက် ရင်းနှီးမြှုပ်နှံပါ။ ကိုယ်ဘာလဲ၊ ကိုယ်ဘာလိုချင်လဲ၊ ဘယ်အရာကို ကိုယ့်ကိုပျော်ရွှင်စေလဲဆိုတာကို အဖြေရှာဖို့ ဒီအချိန်က အကောင်းဆုံးပါပဲ။
၁၇။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုး အရင်ကလုပ်ခဲ့ရင် အခု ရပ်ပစ်လိုက်ပါ။
၁၈။ အမှားထဲကနေ သင်ခန်းစာယူအမှန်ကိုရှာပါ။
၁၉။ မိတ်ဆွေစစ်မိတ်ဆွေမှန်တွေကို အသိအမှတ်ပြုချီးကျူးပေါင်းသင်းပါ။
၂၀။ အရှိန်လျှော့ဘရိတ်အုပ်ရမယ့် အချိန်ကို သိပါ။ တစ်ချိန်လုံး ဘ၀မှာ ပြေးနေ၊အရှိန်နဲ့သွားမနေဘဲ တစ်ခါတစ်ရံလည်း အရှိန်လျှော့လို့ အနားယူပါ။
Phothutaw
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment