ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်နေရာများအတွက် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူညီမှု မရရှိသေးဟုဆို


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံညှိနှိုင်းခဲ့စဉ်က တပ်ဘက်မှ ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်များကို ၎င်းတို့ရွေးချယ်သည့် ပုဂ္ဂိုလ်များအား ခန့်အပ်ရန်ညှိနှိုင်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းမှု မပြီးသတ်သေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

တပ်မတော်ဘက်မှတောင်းဆိုသည့် ပြည်နယ်၊ တိုင်း ၄ ခုရှိရာ ကချင်၊ ရှမ်း၊ ရခိုင်နှင့် ရန်ကုန်တို့ဖြစ်ပြီး ထိုကိစ္စမှာညှိနှိုင်းနေဆဲဟု ဆိုသည်။

ယခုအခါ NLD မှ ဝန်ကြီချုပ်ခန့်အပ်ရန် အပြီးသတ်သဘောတူပြီးဖြစ်သော ပုဂ္ဂိုလ်များစာရင်းတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးညီပု၊ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်အဖြစ် ဒေါက်တာမြင့်နိုင်၊ မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါ်နန်းခင်ထွေးမြင့်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးမန်းဂျော်နီ၊ ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ် ညောင်းလေးပင်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်တို့အား ရွေးချယ်ထားပြီး ယခု ထိုပုဂ္ဂိုလ်များကို နေပြည်တော်တွင် အစိုးရ တာဝန် လွှဲပြောင်းရေးဆိုင်ရာ သင်တန်းများ ပို့ချနေပြီး တိုင်းဒေသကြီးမှ ကက်ဘိနက်အဖွဲ့ဝင်များနှင့် အစိုးရတာဝန်များအတွက်လည်း သင်တန်းများပို့ချနေကြောင်း သတင်းရရှိသည်။

ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment