နေ့ခင်းကြောင်တောင် ဆွဲကြိုး၊ဖုန်းနှင့် ဆိုင်ကယ် အလုခံရမှု လှိုင်သာယာ၌ဖြစ်


ရန်ကုန် ဇန်နဝါရီ ၃၁

လှိုင်သာယာ ငွေပင်လယ်စက်မှု ဇုန် ငွေပင်လယ်(၃)လမ်းရှိ ငါးပေါင်း မုန့်စက်ရုံဝင်းရှေ့ အုတ်နံရံအနီး၌ ထိုင်နေသော လူငယ်စုံတွဲထံမှ လူငယ် သုံးဦးက ဓားဖြင့် ခြိမ်းခြောက်၍ ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲ က ဆွဲကြိုး၊ ဖုန်းနှင့် ဆိုင်ကယ်တို့ကို လုယက်သွားကြောင်း သိရသည်။

ယင်းနေ့က အမှတ်(၂ဝ)ရပ်ကွက် အပိုင်(၃) ဗိုလ်ရန်နိုင်လမ်းတွင် နေထိုင်သော မောင်တင်စိုး(၂၅နှစ်)နှင့် မညိုညို(၂ဝနှစ်)တို့သည် ငွေပင် လယ်စက်မှုဇုန် ငွေပင်လယ်(၃)လမ်းရှိ ငါးပေါင်းမုန့်စက်ရုံ အုတ်နံရံ ရှေ့၌ ကွန်ကရစ်လမ်းကို ကျောပေး၍ ထိုင်နေစဉ် ဆိုင်ကယ်စီးလာသော လူငယ်သုံးဦးက ပြေးဆင်းလာပြီး မောင်တင်စိုးနှင့် မညိုညိုတို့ကို မော့မကြည့်ဘဲ ခေါင်းငုံ့နေရန် ပြော ဆိုကာ မောင်တင်စိုးထံမှ ရှစ်ပဲလေး ရွေးခွဲရှိသည့် ရွှေဆွဲကြိုးတစ်ကုံးနှင့်ွ-၆၁ဝ ဖုန်းတစ်လုံးတို့ကို လုယူပြီး အနီးတွင် ရပ်ထားသော JLM125 နက်ပြာရောင် ၄၃ယ/-----ဆိုင်ကယ် ကို စီးနင်းထွက်ပြေးသွားသည့်အတွက် ရွှေလင်ပန်းစက်မှုဇုန်ရှိ အမှတ်(၆) ရဲကင်းနှင့် လှိုင်သာယာမြို့မရဲစခန်း တွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေလင်ပန်းစက်မှုဇုန် ဒီပဲယင်း ဝန်ထောက်ဦးမြဲလမ်းရှိ အမှတ်(၆)နယ်မြေရဲကင်းမှူးက ဆက်လက် စုံစမ်းနေကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ဒုတိယ ပတ်က အမှတ်(၂ဝ)ရပ်ကွက် အပိုင် (၄) ငထင်ငယ်လမ်းတွင် နေထိုင် သော ကိုအောင်ဝင်း (၃၄ နှစ်)၏ အိမ်ခြံဝင်းအတွင်းထားရှိသည့် ရုပ်ဆိုး အနက်ရောင်ဆိုင်ကယ်ကို ခိုးယူခံရ ကြောင်း၊ အမှတ်(၂ဝ)ရပ်ကွက် ရွှေရင် အေးလမ်းမကြီး မင်္ဂလာသန်းမြင့် စက်ရုံနံဘေး၌ ည ၈ နာရီတွင် ဦးခေါင်း ကို သံတုတ်ဖြင့်ရိုက်၍ ဆိုင်ကယ်ကို လုသွားရာ အမှတ်(၂ဝ)ရပ်ကွက် အပိုင်(၃) ဗိုလ်ရန်နိုင်လမ်းတွင် နေထိုင် သူ ကိုမျိုးဇော် (၂၅နှစ်) မှာ ဦးခေါင်း ၁၄ ချက်ချုပ်ခဲ့ရကြောင်း သိရသည်။

နှစ်ဆန်းပိုင်းတွင် လှိုင်သာယာ မြို့နယ်၌ လုယက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး အလယ်ရွာ၊ အနောက်ပိုင်းတက္ကသိုလ်လမ်းမကြီး၊ ရွှေလင်ပန်းစက်မှုဇုန်နှင့် ငွေပင်လယ် စက်မှုဇုန်တို့၌ ဆိုင်ကယ်စီးလူငယ် များ၏ လုယက်မှုမှာ ပြန်လည်ခေါင်း ထောင်လျက်ရှိကြောင်း သိရသည်။ငွေပင်လယ်(၃)လမ်း ငါးပေါင်းမုန့် စက်ရုံရှေ့၌ လုယက်ခံရမှုနှင့် ပတ် သက်၍ အစ်ကိုဖြစ်သူ ကိုစိုးမင်း (၃၃နှစ်)က '' ရဲကင်းနဲ့ရဲစခန်း ကို အကြောင်းကြားထားပါတယ်။ ဇန်နဝါရီ ၂၃ ရက် ည ၈ နာရီမှာ ငွေပင်လယ်ဘုရားနားမှာ လုယက် နေတဲ့လူငယ်ငါးဦးကို ဆိုင်ကယ်နှစ်စီး နဲ့ ဖမ်းမိတယ်ဆိုလို့ မြို့မရဲစခန်းကို သွားမေးသေးတယ်။ ထူးခြားမှုရှိရင် အကြောင်းပြန်မယ်လို့တော့ ပြော တယ်။ ကျွန်တော်တို့ မိသားစုက အညာဒေသကလာပြီး ညပိုင်း ထမင်း ကျော်ဆိုင်ဖွင့်တယ်။ အခုလို နေ့ခင်း ကြောင်တောင်ကြီး ကားလမ်းဘေးမှာ အလုခံရတယ်ဆိုတော့ တရားဥပဒေ စိုးမိုးရေးကို ပိုပြီးဂရုစိုက် ဆောင်ရွက် သင့်လာပြီ လို့ပြောချင်ပါတယ်။ ချွေးနှဲ စာနဲ့စုထားတဲ့ ဆွဲကြိုးပါသွားတဲ့ အပြင် ဆိုင်ကယ်လည်း ပါသွားသေး တယ်။ လူကို ဓားနဲ့ မထိုးသွားတာ ကံကောင်းတယ်''ဟု ပြောသည်။
လှိုင်သာယာ၌ ရုံးပိတ်ရက် တနင်္ဂနွေနေ့သည် လူငယ်များသွား လာမှုများသောနေ့ဖြစ်၍ ယင်းနေ့များ တွင် လူငယ်စုံတွဲများ လုယက်မှု ကိုဖိတ်ခေါ်သော နေရာများ၌ သွားရောက်နေထိုင်ခြင်း မပြုသင့် ကြောင်းနှင့် ရုံးဖွင့်ရက်များတွင်လည်း လုယက်မှုကိုကျူးလွန်ရန် ဆိုင်ကယ် တစ်စီးလျှင် လူသုံးလေးဦးစီး၍ သွား လာနေသော ဆေးမင်ကြောင်ထိုး လူငယ်များအဖွဲ့လိုက်ရှိနေကြောင်း အမှတ်(၂ဝ)ရပ်ကွက်နေ လူမှုရေး လုပ်ငန်းများတွင် ကူညီနေသူတစ်ဦး က ပြောသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment