အမျိုးသမီး ရောဂါကြောင့် ခြေထောက်တစ်ဖက် ဖြတ်ထားရပေမယ့် ပွဲဦးထွက် ဖက်ရှင် ရှိုး ကို လျှောက်ခဲ့တဲ့ မော်ဒယ်လ် မလေး

Lauren Wasser ဆိုသူ အမျိုးသမီးတစ်ဦးဟာ အမျိုးသမီးလစဉ်သုံးပစ္စည်း မသန့်ရာကတဆင့် Toxic Shock Syndrome ဆိုတဲ့ ကူးစက်ဘက်တီးရီးယား အမျိုးသမီး ရောဂါတစ်မျိုးကြောင့် ၂၀၁၂ ခုနှစ်မှာ သူမရဲ့ ညာခြေထောက် အောက်ဘက်ပိုင်းကို ဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမယ့် သူမအနေနဲ့ ဘ၀ကို အရှုံးပေးခဲ့ခြင်း မရှိပါဘူး။
သူမဟာ ပြီးခဲ့တဲ့အပတ်တုန်းက နယူးယော့ခ် ဖက်ရှင် ရက်သတ္တပတ် မှာ Chromat ဆိုတဲ့ ခေတ်ရှေ့ ပြေး အ၀တ်အစားဒီဇိုင်းတွေ အထူးထုတ်လုပ်တဲ့ အမှတ်တံဆိပ်အတွက် ဖက်ရှင် ရှိုးလျှောက်ခဲ့ပါတယ်။ သူမဟာ ညာခြေထောက်နေရာမှာ ခြေထောက်အတု ကိုတပ်ဆင်ထားပြီး အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ကာ လိင်ပြောင်း အနုပညာရှင်တွေဖြစ်တဲ့ Juliana Huxtable ၊ Isis King တို့အပြင် ခန္ဓာကိုယ်ကောက်ကြောင်းအလှပြမော်ဒယ်လ် Sabina Karlsson ၊ Denise Bidot တို့နဲ့အတူ Catwalk အစီအစဉ် ရှိုးလျှောက်ခဲ့ပါတယ်။
ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာတွေရဲ့  ပြောကြားချက်အရတော့ ၁၉၇၉ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အတွက် Toxic Shock Syndrome ရောဂါပေါင်း ၅၂၉၆ ခု ဖြစ်ပွားခဲ့ရာမှာ ထိုရောဂါတွေရဲ့  ၇၄ ရာခိုင်နှုန်းဟာ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေနဲ့ သက်ဆိုင်နေခဲ့တယ်လို့ သိရပါတယ်။ Lauren ဟာလည်း ပြီးခဲ့တဲ့ နွေရာသီတုန်းက သူမကို Toxic Shock Syndrome ရောဂါ ဖြစ်ပွားစေခဲ့တဲ့ အမျိုးသမီး လစဉ်သုံး ပစ္စည်း အမှတ်တံဆိပ် Kotex ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
People မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာတော့ သူမဟာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုနဲ့ နှလုံးရောဂါတို့ကို Toxic Shock Syndrome ရောဂါ က တဆင့် ခံစားခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ ထိုရောဂါကြောင့်ပဲ သူမရဲ့ ညာဘက်ခြေသလုံးကို ဖြတ်တောက် ဖယ်ရှားခဲ့ရပြီး ခြေထောက်အတု နဲ့ အစားထိုးထားခဲ့ရပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း Lauren ဟာ သူမရဲ့  မသန်စွမ်းဖြစ်ခဲ့မှုနဲ့ ပတ်သက်ပြီး များစွာပြောကြားခဲ့သလို Instagram မှာလည်း Kylie Jenner ရဲ့  ဘီးတပ်ကုလားထိုင် ဓါတ်ပုံ ရိုက်ကူးမှုကို ပြန်လည် ဖန်တီးပြီး “တစ်ကယ့်ဘ၀” လို့ ခေါင်းစဉ်ကို ရိုးရှင်းစွာ ရေးသားခဲ့ပါသေးတယ်။ ၂၀၁၅ ခုနှစ်အကုန်ပိုင်းမှာလည်း သူမဟာ Nordstorm အတွက် အားကစားဝတ်စုံ ကြော်ငြာအစီအစဉ်တွေမှာ ပါဝင်ခဲ့ပြီး ထို ပါဝင်မှုအတွက် “ငါရဲ့ မော်ဒယ်လ်လောကထဲ ပထမဆုံး အစစ်အမှန် ခြေပြန်ချခြင်း” လို့ သူမ ကိုယ်တိုင် ခေါ်ဆိုခဲ့ပါတယ်။
Ref:womenshealthmag
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment