ဂီတသံကို အာကာသယာဉ်မှူးတွေ လရဲ့အမှောင်ဘက်ခြမ်းကို ဖြတ်သန်းနေခဲ့စဉ်အတွင်း တစ်ချိန်လုံး ကြားခဲ့ရတာ ဖြစ်ပါတယ်။
၁၉၆၉ ခုနှစ်က အပိုလို ၁၀ အာကာသခရီးစဉ်ဖြင့် လအနီးကို ချဉ်းကပ်ရောက်ရှိခဲ့စဉ် အာကာသယာဉ်မှူးတွေ ကြားခဲ့ရသည်ဆိုသော ထူးဆန်းတဲ့ ဂီတသံစဉ်ကို အမေရိကန် နာဆာအဖွဲ့က ထုတ်ပြန်ပေးတော့မှာ ဖြစ်ပါတယ်။
ထိုစဉ်က အာကာသယာဉ်မှူး ၃ ဦးဟာ လရဲ့အမှောင်ဘက်ခြမ်းကို ရောက်ရှိသွားပြီး ရေဒီယို ဆက်သွယ်မှုစနစ် မရှိတော့တဲ့အချိန်မှာ ၎င်းတို့ရဲ့ နားကြပ်များမှတစ်ဆင့် ထူးဆန်းတဲ့ ဂီတသံစဉ်ကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
လအနီးကို ချဉ်းကပ်ခဲ့တဲ့ အပိုလို ၁၀ အာကာသခရီးစဉ်ဟာ လမျက်နှာပြင်ပေါ်ကို လူသားနှစ်ဦး ပထမဆုံး ရောက်ရှိခြေချနိုင်ခဲ့တဲ့ အပိုလို ၁၁ အာကာသခရီးစဉ် မတိုင်မီ ကြိုတင်လေ့ကျင့်မှု ဖြစ်ပါတယ်။ အပိုလို ၁၀ မှ အာကာသယာဉ်မှူး ၃ ဦးဟာ လရဲ့ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်ခဲ့ပြီး လမျက်နှာပြင်ပေါ်ကို ဆင်းသက်နိုင်ဖို့ လေ့ကျင့်ခဲ့တာပါ။
၎င်းတို့ရဲ့ လေ့ကျင့်မှုအတွင်း မြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ ရေဒီယို အဆက်အသွယ် မရရှိတဲ့ လရဲ့အမှောင်ဘက်ခြမ်းကို သွားရောက်မှုလည်း ပါဝင်ပါတယ်။
အာကာသယာဉ်မှူးတွေဟာ လရဲအမှောင်ဘက်ခြမ်းကို ရောက်ရှိသွားပြီး နာဆာထိန်းချုပ်ရေးစခန်းနဲ့ ရေဒီယို အဆက်အသွယ် ပြတ်တောက်နေစဉ်မှာ ၎င်းတို့ရဲ့ နားကြပ်ကနေ ဂီတသံစဉ်ပမာ လေချွန်သံကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ဂီတသံကို အာကာသယာဉ်မှူးတွေ လရဲ့အမှောင်ဘက်ခြမ်းကို ဖြတ်သန်းနေခဲ့စဉ်အတွင်း တစ်ချိန်လုံး ကြားခဲ့ရတာ ဖြစ်ပါတယ်။
အာကာသယာဉ်မှူးတွေက အသံဖမ်းထားခဲ့တဲ့ ထူးဆန်းတဲ့ အဆိုပါ ဂီတသံစဉ်ကို နှစ်ပေါင်း ၄၇ နှစ်ကြာ လျှို့ဝှက်အဆင့် အနေနဲ့ သိမ်းဆည်းထားခဲ့ပြီးနောက် ယခုအခါမှာတော့ Science Channel ရုပ်သံလိုင်းမှ ထုတ်လွှင့်တဲ့ NASA's Unexplained Files ရုပ်သံအစီအစဉ်မှာ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ အာကာသယာဉ်မှူးတွေ ကြားခဲ့ရတယ်ဆိုတဲ့ ဂီတသံစဉ်ကို အခုအချိန်ထိ သေချာတိကျစွာ ရှင်းပြနိုင်ခြင်း မရှိသေးပါဘူး။

Source & Photo: Wikipedia, IBTimes, Fox News
Credit: duwun
0 comments:
Post a Comment