အလုပ်ဖုန်း …



တယ်လီဖုန်း ငွေတောင်းခံလွှာ ရောက်လာတဲ့အခါ ပေးဆောင်ရမယ့် ငွေပမာဏက
များလွန်းနေတာမို့ အိမ်ထောင်ဦးစီးဖြစ်တဲ့ အမျိုးသားခမျာ ထိတ်လန့်သွားပါတော့တယ်။
ဒါကြောင့် ညနေပိုင်းမှာ မိသားစု တွေဆုံပြီး ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာ အဖြေရှာဖို့
ကြိုးစားပါတော့တယ်။
အဖေ – “ပေးဆောင်ရမယ့် ငွေပမာဏက မဖြစ်နိုင်လောက်အောင်ကို များနေတယ်။
အိမ်က ကြိုးဖုန်းကို ငါလည်း မသုံးဘူး။ ငါက အလုပ်ကဖုန်းကို သုံးတာ”
အမေ – “ကျွန်မလည်း အတူတူပဲ။ အိမ်က ဖုန်းကို သုံးခဲတယ်။ ကုမ္ပဏီက ဖုန်းကိုပဲ သုံးတာ”
သား – “ကျွန်တော်လည်း ရုံးက လက်ကိုင်ဖုန်းပဲသုံးတာ။ အိမ်ဖုန်းကို တစ်ခါမှတောင် မသုံးဘူး”
မိသားစုသုံးယောက်စလုံးဟာ တစ်ခုခုကို သဘောပေါက်သွားပြီး သူတို့အနားမှာ စိတ်ရှည်ရှည်နဲ့
ထိုင်ပြီး နားထောင်နေတဲ့ အိမ်အကူကို ပြူးကြည့်လိုက်ကြပါတယ်။
အိမ်အကူ – “ဘာဖြစ်လို့လဲ.. ကျွန်မတို့အကုန်လုံး ကိုယ့်အလုပ်ဖုန်းတွေကိုပဲ သုံးကြတာ
မဟုတ်လား”
Credit : Myanmar.mmtimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment