နယ်မှာ တာဝန်ကျနေတဲ့ အရာရှိပေါက်စလေး ဖရက်ဒီ က သူ့အထက်က အရာရှိကြီးဆီကို ဖုန်းဆက်မေးတယ်… …
“ဟလို… ဆရာလားခင်ဗျာ၊ ကျနော်ဖရက်ဒီပါ၊ မြို့ကိုရောက်တုန်း ဆရာ့ကိုလာပြီး ဂါရဝပြုချင်လို့ပါ”
“အေး… ရပါတယ်ကွ”
“အေး… ရပါတယ်ကွ”
“အဲဒါ ဆရာ့ဆီကို ဘယ်လိုလာရမလဲ ခင်ဗျာ”
“ခြံအမှတ် 007 တန်ဘုစု အဗဲနူးကို လာခဲ့”
“ခြံအမှတ် 007 တန်ဘုစု အဗဲနူးကို လာခဲ့”
သူ့ဆရာက ဆက်ပြောတယ်… …
“ခြံပေါက်ရောက်ရင် ခြံတိုင်ပေါ်က လူခေါ်ဘဲလ်ကို မင်းရဲ့ တံတောင်ဆစ်နဲ့ နှိပ်လိုက်၊ လုံခြုံရေးက ခြံတံခါး လာဖွင့်ပေးလိမ့်မယ်”
“ဟုတ်ကဲ့ ဆရာ”
“ဟုတ်ကဲ့ ဆရာ”
“အိမ်ပေါက်ရောက်ရင်လည်း တံခါးဘောင်ပေါ်က လူခေါ်ဘဲလ်ကို မင်းရဲ့ တံတောင်ဆစ်နဲ့ နှိပ်လိုက်၊ အိမ်ဖော်ကောင်မလေးက တံခါးလာဖွင့်ပေးလိမ့်မယ်”
“ဟုတ်ကဲ့ ဆရာ”
“ဟုတ်ကဲ့ ဆရာ”
“အိမ်ထဲရောက်ရင် စာကြည့်ခန်းကိုလာ၊ တံခါးကို မင်းရဲ့ တံတောင်ဆစ်နဲ့ ခေါက်လိုက်၊ ငါတံခါးလာဖွင့်ပေးမယ်၊ ဟုတ်လား”
“ဟုတ်ကဲ့ ဆရာ”
“ဟုတ်ကဲ့ ဆရာ”
တံတောင်ဆစ်???
ဒီတံတောင်ဆစ် ကိစ္စကြီးကို ဖရက်ဒီ ဘဝင်မကျဘူး ဖြစ်နေတယ်။
ဘာလို့လဲပေါ့
ဒါနဲ့ သူ့ဆရာကို ပြန်မေးကြည့်တယ်… …
ဒီတံတောင်ဆစ် ကိစ္စကြီးကို ဖရက်ဒီ ဘဝင်မကျဘူး ဖြစ်နေတယ်။
ဘာလို့လဲပေါ့
ဒါနဲ့ သူ့ဆရာကို ပြန်မေးကြည့်တယ်… …
“ဟုတ်ကဲ့ ဆရာ၊ ဟို ဟိုလေ… လူခေါ်ဘဲလ်ကို လက်နဲ့နှိပ်ပြီး၊ တံခါးကိုလည်း လက်နဲ့ခေါက်လို့ မရဘူးလားဆရာ”
ဒီတော့…
သူ့ဆရာက ဒေါသတကြီးပြန်အော်တယ်… …
သူ့ဆရာက ဒေါသတကြီးပြန်အော်တယ်… …
“ဘာာာ ကွ… လူကြီးကို ဂါရဝလာပြုတာ မင်းက လက်ထဲမှာ ဘာမှကိုင်မလာဘူးပေါ့လေ… ဟုတ်လား”
“ဂျာ…”
သန်၎ကို-ဘာသာပြန်သည်
“ဂျာ…”
သန်၎ကို-ဘာသာပြန်သည်
0 comments:
Post a Comment