Kylie Jenner ဟာ ဖေဖော်ဝါရီလအစောပိုင်းမှာ တက်တူးတစ်ခုထိုးခဲ့ပေမယ့် အဲ့ဒီတက်တူးဟာ ဘာမှန်း၊ ဘာအဓိပ္ပါယ်မှန်း မသိခဲ့ကြပါဘူး။ အားလုံးက အနီရောင်တက်တူးအကြောင်း သိချင်ခဲ့ကြပေမယ့် သူမကိုယ်တိုင်လည်း ဖွင့်ဟ ပြောဆိုခြင်း မပြုခဲ့ပါဘူး။
ဒါပေမယ့် ခုချိန်မှာတော့ အားလုံးစောင့်နေရတဲ့အချိန် ပြီးဆုံးသွားခဲ့ပါပြီ။ သူမလက်က အနီရောင်တက်တူးဟာ သူမရဲ့ အဘွားနာမည်ဖြစ်ပြီး ဒီနာမည်ကို သူမရဲ့အဖေက လက်ရေးနဲ့ရေးထားတာကို သူမက တက်တူးထိုးလိုက်တာလို့ သိရပါတယ်။
သူမရဲ့ အိုင်ဒီယာကတော့ အမိုက်စားပါပဲ။ ချစ်စရာကောင်းသလို အဓိပ္ပါယ်လည်း ရှိတဲ့ တက်တူးကို ပိုင်ဆိုင်လိုက်ရပြီပေါ့။
Ref:cosmopolitan
ဟန်နီ
Source:trend.com.mm
0 comments:
Post a Comment