ရွှေလီနန်းပလတ်စတစ်စက်ရုံ အလုပ်သမားများ ဆန္ဒပြတောင်းဆို


ပုသိမ်ကြီး ဧပြီ ၂၃

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် သစ်ချိုကုန်းကျေးရွာ၏ အနောက်ဘက် ရွှေလီနန်းပလတ် စတစ် စက်ရုံရှေ့ဝင်ပေါက်၌ ဧပြီ ၂၃ ရက် နံနက် ၉ နာရီမှစတင်၍ အလုပ် သမားများ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုမှုတွင် အလုပ်သမားခေါင်းဆောင် မဇာဇာ စိုး အပါအဝင် အမျိုးသမီးအလုပ် သမား စုစုပေါင်း ၄ဝ ခန့် ပါဝင်ခဲ့ကြ သည်။

''အဓိကတောင်းဆိုမှုများမှာ (၁)လခစားရရှိရေး၊ (၂) လုပ်သက်ခွင့် ရရှိရေး၊ (၃) ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရေး'' အစရှိသည့် တောင်းဆိုမှု များပါဝင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြတောင်းဆိုကြ သည်။

 ဆန္ဒပြတောင်းဆိုသူ အလုပ် သမများသည် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်ညှိနှိုင်း၍ ပြေလည်မှုရရှိ သည့်တိုင် တောင်းဆိုသွားမည်ဖြစ် ကြောင်း၊ မရရှိပါက ဆက်လက် ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ် ကြောင်း သိရသည်။

အောင်ကျော်ထွန်း(ပုသိမ်ကြီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment