KTK စက်ရုံ ဆောက် လုပ်ပြီးစီးပြီ ဖြစ်တဲ့ အတွက် လုပ်ငန်းကို အရင်ထက် နှစ်ဆပိုမို လုပ်ကိုင်နိုင်ပြီဟု ခိုင်သင်းကြည် ပြောကြား


ခိုင်သင်းကြည် တို့မိသားစု လုပ်ကိုင်နေတဲ့ Tri Plus အင်္ကျီများကို ထုတ်လုပ်မယ့် KTK စက်ရုံကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) စက်မှုဇုန်မှာ ဆောက်လုပ် ပြီးစီးသွား ပြီဖြစ် တာ ကြောင့် လုပ်ငန်းကို အရင်ကထက် နှစ်ဆ ပိုပြီးချဲ့ထွင်နိုင်သွားပြီ ဖြစ်ကြောင်း ခိုင်သင်းကြည် ကပြောပါတယ်။ ဒါကြောင့် ကုမ္ပဏီတွေ ကမှာတဲ့ အော်ဒါတွေ ကိုလည်း လက်ခံချုပ် ပေးဖြစ်နေကြောင်းကို ခိုင်သင်းကြည်က “မခိုင်တို့က အရင်တုန်းက ကိုယ်ပိုင် စက်ရုံ မဟုတ်ဘဲနဲ့ ကုမ္ပဏီက အိမ်မှာ၊ စက်ရုံက တခြားနေရာမှာ ငှားပြီးချုပ် တယ်။ အခု ကျတော့ စက်ရုံကို စက်မှုဇုန်မှာ ပေ ၂ဝဝ ပတ်လည်မှာ ဆောက်လိုက်တယ်။ စက်ရုံ ရော၊ ဂိုဒေါင်တွေရော၊ ကုမ္ပဏီရော တစ်ခုတည်းမှာပဲ လုပ်လိုက် တယ်။ နေရာ လည်း တအားကျယ်သွားတယ်။ စက်တွေလည်း နှစ်ဆလောက် ထပ်ချဲ့လို့ ရသွားတယ်။ အဲဒီအတွက်ကြောင့် လုပ်ငန်းတွေက လည်း ချဲ့လို့ရသွားတယ်။ အရင် တုန်းက တော့ လည်ကတုံးနဲ့ရှပ်အင်္ကျီပဲချုပ်တယ်။ အခုကျတော့ လည်ကတုံး၊ တီရှပ်၊ ရှပ်အင်္ကျီ၊ စပို့ရှပ်တွေပါ ထပ်ချဲ့ပြီး ချုပ်လို့ရသွားတော့ ကုမ္ပဏီတွေ လည်း လာ အပ်လို့ ရသွားတာပေါ့။ အခုလည်း Alpine ကုမ္ပဏီက ဒေါက်တာစိုင်းတို့ဆိုရင် သင်္ကြန်အတွင်း လက်ဆောင်ပေးဖို့ အတွက်ဆိုပြီး Alpine စပို့ရှပ်တွေ ထောင်ချီပြီး အပ်တယ်။ PTT ကဝန်ထမ်းတွေ အတွက်ဆိုလည်း မခိုင် တို့ပဲချုပ်ပေးရတယ်။ ဧရာဝတီ ဘဏ်တစ်ခုလုံး က လည်ကတုံးတွေကို မခိုင်တို့ဆီက မှာတယ်။ ကုမ္ပဏီတွေက မှာတဲ့ အော်ဒါတွေ တအားချုပ်ရတယ်။ ကိုယ့်ဟာနဲ့ ကိုယ်ချုပ်ရတာလည်း  လက် မလည်ဘူး။ အကုန် ရောင်းကုန်တယ်။ ကြိုက်ကြတယ်လေ။ ဈေးနှုန်း ကလည်း သက်သာတယ်။ ကွာလတီကလည်း မီအောင် ချုပ်တယ်။ အမြတ် ကိုလည်း တစ်ထည်ကို ရာဂဏန်းလောက်ပဲ ယူတယ်။ အမြတ် အများကြီး မယူထားဘူး။ အထည်များ များနဲ့ လူတွေလည်း အဆင်ပြေပြေ ဝတ်နိုင်မယ်။ ကိုယ့်ရဲ့ Brand လည်း ပိုပိုကြီးလာမယ်။ အဲဒီလိုပဲ ရည်ရွယ်ထားပါတယ်” လို့ ပြောပါတယ်။ အခုလောလောဆယ် မှာတော့ စက်ရုံကနေ တစ်နေ့ အထည် ၅ဝဝ လောက် ထွက်နေပြီး နောက်ပိုင်း မှာတော့ ဒီထက်ပိုပြီး များများ ထွက်အောင် ကြိုးစားမှာ ဖြစ်ကြောင်း ပြောပါတယ်။ သူ့အနေ နဲ့ စီးပွားရေးကို သိပ်နားမလည်တာ ကြောင့် စက်ရုံကို ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်ကပဲ ဦးဆောင် လုပ်နေတာဖြစ်ပြီး မိန်းကလေး အဝတ်အထည်တွေ ကိုတော့ ကိုယ်တိုင် ဒီဇိုင်း လည်း စဉ်းစားသလို ဒီဇိုင်နာနဲ့ လည်းတိုင်ပင်ပြီး ရွေး ချယ် စဉ်းစားပေးတတ် ကြောင်း၊ ကြော်ငြာဓာတ်ပုံ ရိုက်တဲ့ကိစ္စတွေကိုလည်း ကိုယ်တိုင်ပဲ လုပ်ပေးဖြစ်ကြောင်း ခိုင်သင်းကြည်က ပြောပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment