ကျောက်ဖြူမြို့မှာ လူငယ်နှစ်ဦး ရေနစ်သေဆုံး


ဧပြီလ ၂၃ ရက် ၂၀၁၆ ။ ကျောက်ဖြူ

ယနေ့ ဧပြီလ ၂၃ ရက်နေ့ နေ့လည် (၃)ခန့်က ကျောက်ဖြူမြို့ ကုလားဘာတောင်ရပ်ကွက်မှ လူငယ်နှစ်ဦးရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့ ကုလားဘာတောင်ရပ်ကွက်မှ မောင်ဇော်လင်းထက် (၂၃)နှစ် နှင့် မောင်လူဖြူချေ(၁၁) နှစ် ငါးတန်းကျောင်းသားတို့သည် ကုလားဘာတောင်ကြားနှင့် ငလပွေ့ကြားရှိ အိုးတင်ဆိပ်အနး ငလပွေ့ချောင်းအတွင်း ကွန်ပစ်နေစဉ်တွင် ရေအိုင်ထဲသို့ပြုတ်ကျကာ ရေနစ်သေဆုံးသွားခဲ့ကြသည်။


''ကွန်ပစ်တဲ့အခါ အားလွန်ပြီး မောင်ဇော်လင်းက ရေကန်ထဲပြုတ်ကျသွားတယ်။ သူပြုတ်ကျသွားတဲ့အခါ မောင်လူဖြူချေက ဆွဲတင်ဖို့အတွက် သူ့လက်ကိုကမ်းပေးလိုက်တယ်။ အဲဒါကြောင့် နှစ်ယောက်လုံးသေဆုံးသွားရတာ'' ဟုသူတို့နဲ့အတူ ပါသွားတဲ့ မောင်ဘိုဘို(၁၇)နှစ်ကပြန်ပြောပြသည်။

သူကပဲဆက်လက်၍ ''အဲဒီအချိန်မှာ ကျွန်တော်က သူတို့နဲ့ ပေ ၃၀ ကျော်လောက်မှာရှိနေတယ်။ သူတို့နှစ်ယောက်လုံးရေနစ်သွားတာကိုမြင်တော့ အနီးအနားရှိလူတွေ လှမ်းပြီးအကူအညီတောင်းတယ်။ လူတွေလာကူပေမဲ့ အသက်ရှင်ကိုမကယ်တင်နိုင်ဘူး'' ဟု၎င်းကဆိုသည်။

ယခုလူငယ်နှစ်ဦးရေနစ်သေဆုံးသည့်ကန်မှာ စီးပွားရေးသမားများမှ မဆင်မခြင်သဲကိုစုပ်ယူမှုကြောင့် ပေ၂၅ ပေ ၃၀ ခန့်အနက် ကန်ထဲသို့ပြုတ်ကျခဲ့ရခြင်းဖြစ်ကြောင်း အခင်ဖြစ်ပွားသည့်နေရာသို့ရောက်ရှိခဲ့သည့် ဒေသခံတစ်ဦးမှ ပြောကြားသည်။


ကျောက်ဖြူမြို့ရှိ မြစ်ကမ်း ချောင်းနံဘေးတို့တွင် ဒေသခံစီးပွားရေးသမားများမှ မဆင်မခြင် သဲကိုစုပ်ယူခြင်းကြောင့် ပေ ၂၀ ကျော် ၃၀ နက်သည့်ကန်များဖြစ်ပေါ်လျက်ရှိကာ သက်ဆိုင်ရာမှလည်း လာဘ်စားက အရေးယူခြင်းမရှိကြောင်းl လွန်ခဲ့တဲ့နှစ်တွေကလည်း ကျောက်ဖြူမြို့ ဂျပန်မဆိပ်ကမ်းတွင် ထိုကဲ့သို့ အဖြစ်ဆိုးကြုံခဲ့ဖူးကြောင်းသိရသည်။

ယင်းဖြစ်စဉ်နှင်ပတ်သက်၍ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့စခန်းမှတာဝန်မှူးဒုရဲအုပ်စိုးထွန်းနိုင်ကသေမှုသေခင်း၊၇/၂၀၁၆ဖြင့်(၂၃.၄.၂၀၁၆)ဖြင့်အမှုဖွင့်လှစ်ဆောင်ရွက်ကာသေဆုံးသူအလောင်းများအားကျောက်ဖြူဆေးရုံသို့ပေးပို့ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

(Edited and Rewritten by ကျောက်ဖြူလူငယ်များမီဒီယာ)

သတင်းအရင်းအမြစ်နှင့်ဓာတ်ပုံ - ရမ္မာဝတီ စောမိုးကျော်
https://www.facebook.com/KyaukphruYouthNet/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment