သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့် ဘာကြောင့် မလွတ်သေးသလဲ


မြန်မာနှစ်ဆန်းတရက်နေ့က နိုင်ငံတော်သမ္မတဦးထင်ကျော်၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် လွတ်မြောက် လာသည့် နိုင်ငံရေးအကျဉ်းသား ၈၃ ဦး၏ အမည်စာရင်းတွင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ပါဝင် လာခြင်းမရှိသည်ကို တွေ့ရှိရသည်။ ဦးဆန်းဆင့်ကို သာသနာရေးဌာနပိုင်ငွေကျပ် ၇၂သိန်းကျော် အလွဲသုံးစား မှု ပုဒ်မ ၄၀၉၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်တရားရုံးက ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ထောင်ဒဏ်(၁၃)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ယခုအခါ တောင်ငူထောင် တွင် ပြစ်ဒဏ်ကျခံနေရသည်။ ဦးဆန်းဆင့် တောင်ငူထောင်၌အကျဉ်းကျနေစဉ် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ငွေကြေးကူညီမှု နှစ်ကြိမ်ပြုလုပ်ခဲ့သော်လည်း AAPP က ပြုစုသည့် နိုင်ငံ ရေးအကျဉ်းသားများစာရင်းတွင် ဦးဆန်းဆင့်ကို ထည့်သွင်းမထားကြောင်း သိရှိရသည်။
''ဦးဆန်းဆင့်အမှုက နည်းနည်းရှုပ်ထွေးပါတယ်။ ဦးဆန်းဆင့်လိုပဲ ကျန်တဲ့ နှစ်ယောက်၊ သုံးယောက်ကိုလည်း ကျွန်တော်တို့ ချန်ထားခဲ့ပါတယ်။ အခုဟာက နိုင်/ကျဉ်းအဖြစ် သတ်မှတ်သင့်မသင့်ကို ကျွန်တော်တို့ရယ်၊ NLD ရယ်၊ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)ရယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရယ် ပူးပေါင်းပြီး ဆုံးဖြတ်ရတဲ့ အနေ အထားဖြစ်ပါတယ်''ဟု AAPP မှ ဦးမျိုးကျော်က News Watch သို့ ပြောကြားသည်။

ဦးဆန်းဆင့်အနေဖြင့် မိမိအတွက်ရရှိသည့် ထောက်ပံ့ငွေများကို ပေးသည့်သူများ ကုသိုလ်ရစေရန် ထောင် အတွင်းကျင်းပသော တရားပွဲများနှင့် တရားစခန်းများကို ပြန်လည်လှူဒါန်းခဲ့ကြောင်းနှင့် မိသားစုကိုလည်း သာဓုခေါ်ဖို့ပြောကြောင်း ဇနီးဖြစ်သူဒေါ်ခင်မာလေးက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပေးစာတစောင် ထုတ်ပြန်၍ ပြည်သူများကို အသိပေးခဲ့သည်။ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နိုင်/ကျဉ်းအဖြစ် သတ်မှတ်ခြင်းမပြုသော်လည်း ဦးဆန်းဆင့် ထောင်မှလွတ်မြောက်ရန် အစွမ်းကုန် ဆက်လုပ်သွားမည်ဖြစ် ကြောင်း ဦးဆန်းဆင့်အမှုကို လိုက် ပါဆောင်ရွက်ခဲ့သူ တရားလွှတ်တော် ရှေ့နေဦးတင်ထွန်းက ပြောသည်။
''ဒါက မတရားသက်သက် ခံရတဲ့ ကိစ္စဆိုတာ အားလုံးလည်းသိနေကြတာပဲ။ ကျွန်တော်တို့ဘက်ကတော့ သူလွတ်မြောက်ဖို့ အစွမ်းကုန်လုပ်ဆောင်သွားမှာပါ''ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် တောင်ငူထောင်ရှိ ဦးဆန်းဆင့်၏အခန်း၌ CCTV ကင်မရာများတပ်ဆင်ထားကြောင်း သမ္မတ ဦးထင်ကျော်၏အမိန့်ဖြင့် တောင်ငူထောင်မှလွတ်မြောက်လာသူတဦးက ပြောကြားသည်။
''ဦးဆန်းဆင့်က ညနေပိုင်းဆို အကျဉ်းသားတွေနဲ့ ခြင်းထွက်ခတ်တယ်။ ရင်းရင်းနှီးနှီးဆက်ဆံတတ်လို့ သူ့အခန်း ကို အကျဉ်းသားတွေက အသွားအလာများတော့ အခု သူ့အခန်းကို ထောင်အရာရှိက CCTV တပ်ထားလိုက် တယ်''ဟု ၎င်းကပြောသည်။ ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း ဦးဆန်းဆင့်သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်-၁ ရေကြည်မြို့နယ် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းလွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူစဉ် တိုင်း အစိုးရအဖွဲ့နှင့် သဘောကွဲလွဲမှုများရှိခဲ့သောကြောင့် သမ္မတဦးသိန်းစိန်က သာသနာရေးဝန်ကြီးအဖြစ် ပြောင်း ရွှေ့တာဝန်ထမ်းဆောင်စေခဲ့ရာ ဧရာဝတီတိုင်းမှ ဒေသခံများက ဦးဆန်းဆင့် ပြောင်းရွှေ့ခြင်းမပြုရန် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

နန္ဒမျိုးဆောင်
ဓါတ်ပုံ-ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment