ဘီယွန်ဆေး အကြောင်းတွေကို ဘာသာရပ်တစ်ခု အဖြစ် သင်ကြားသွားမယ့် တက္ကသိုလ်


အမေရိကန် ပြည်ထောင်စု ၊ နယူးဂျာစီ ပြည်နယ် ၊ နယူးဘရန်းစ်ယစ်ခ် မြို့ မှာရှိတဲ့ Rutgers တက္ကသိုလ်ဟာ ကမ္ဘာကျော် အဆိုတော် ဘီယွန်ဆေး အကြောင်းတွေကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 
 
ထို ဘာသာရပ်မှာ ပါဝင်မယ့် သင်ခန်းစာ အမည်ကတော့ "Politicizing Beyonce" ဖြစ်ပြီး လက်ရှိ ထို တက္ကသိုလ်မှာ ကျောင်းဆရာ အဖြစ် လုပ်ကိုင်နေတဲ့ Kevin Allred က သင်ကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။  ထို ဘာသာရပ် အတွက် သင်တန်းမှာတော့ အဆိုတော် ဘီယွန်ဆေး ရဲ့  သီချင်းတွေပဲ ထပ်ခါတလဲလဲ နားထောင်ခိုင်းမှာ မဟုတ်ပါဘူး။ 
 
အဓိက သင်ကြားပေးသွားမှာက လူမျိုး တွေအကြောင်း ၊ ယောကျာင်္းမိန်းမ ကွာဟမှုတွေအကြောင်း နောက်ပြီး ဘီယွန်ဆေး နဲ့ ဆက်စပ်နေတဲ့ မိန်းမ၀ါဒီ(Feminism) တွေအကြောင်း တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေး နဲ့ ပတ်သက်ပြီး လူမည်း တွေ ၊ အမျိုးသမီး တွေ ရဲ့  ပါဝင်ပတ်သက်မှုတွေကိုလည်း ဘီယွန်ဆေး ကို ဥပမာ ပေးပြီး ဆက်စပ် အကြောင်းအရာတွေကို သင်ကြားပေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ 
 
ထို သင်တန်းကို သင်ကြားပေမယ့် Kevin Allred ကတော့ သူ့ကိုယ်သူ လိင်တူဆက်ဆံသူ လူဖြူ ယောကျာင်္း တစ်ယောက်ဖြစ်တယ်လို့ သူ့ရဲ့  ကိုယ်ပိုင် ၀က်ဘ်ဆိုက်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။
 
Ref:elitedaily
Mario
Trend Myanmar
www.trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment