အမွေးအမျှင် ပေါက်တဲ့ လူလုပ် အရေပြားတု

သိပ္ပံပညာရှင်များက ဒီ three-dimension တစ်ရှူးများကို ကြွက်အရှင်ထဲ ထည့်သွင်းကုသပေးနိုင်ခဲ့ပြီး ယင်းတစ်ရှူးက အာရုံကြောနဲ့ ကြွက်သားမျှင်စတဲ့ တခြားခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းများနဲ့ စနစ်ကျတဲ့ ဆက်နွယ်မှုတွေ ဖြစ်ပေါ်စေပါတယ်။
အခုအချိန်ထိ လူလုပ်အရေပြားတီထွင်ဖန်တီးမှုဟာ အရေပြားမှာ အရးကြီးအခန်းကဏ္ဍ တာဝန်ယူတဲ့ ဦးရေပြားနဲ့ exocrine glands စတဲ့ အရေးကြီးခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ ကင်းမဲ့တဲ့ အချက်ကြောင့် အဟန့်အတား ဖြစ်စေတယ်လို့ သုတေသီ Takashi Tsuji က ဆိုပါတယ်။
ဒီအလုပ်လုပ်ဖို့အတွက် ကြွက်သွားဖုံးမှ ဆဲလ်တွေယူပြီး ပင်မဆဲလ်သို့ ပြောင်းလဲထည့်သွင်းဖို့ chemical တွေ အသုံးပြုခဲ့ပါတယ်။
သုတေသီတွေအနေနဲ့ အလွှာမျိုးစုံနဲ့ အရေပြားအတွင်းအလွှာတည်ဆောက်ပုံဖော်ဖို့ ဒီဆဲလ်တွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီနည်းပညာသစ်ဖြင့် ကျွန်ုပ်တို့ ပုံမှန်တစ်ရှူး လုပ်ဆောက်မှုအတိုင်း ဆောင်ရွက်ပေးတဲ့ အရေပြားကို အောင်မြင်စွာ ဖန်တီးရှင်သန်စေခဲ့ပါပြီလို့ Tsuji က မှတ်ချက်ပြုထားပါတယ်။
အစားထိုးကုသခြင်းတွက် ဓာတ်ခွဲစမ်းသပ်ခန်းမှာ ကိုယ်အင်္ဂါအစစ် ပြန်လည်ဖန်တီးနိုင်မှု အိပ်မက်ဆီ ပိုမိုနီးကပ်လာနေပြီး ဒီနည်းဖြင့် ဖန်တီးထားတဲ့ တစ်ရှူးဟာ တိရိစ္ဆာန်ဆီ စမ်းသပ်ကုသနည်းတစ်ခု အနေနဲ့ အသုံးပြုနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
Ref: TOI 
Victor.PaaTung
Trend Myanmar
http://www.trend.com.mm/

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment