ဧရာဝတီတိုင်း ဘိုကလေးမြို့ နယ် လ၀ိုင်းအရှေ့ ကျေးရွာ ရေကမြင်း မြစ်ဝကမ်းစပ်မှာ တံငါသည် တဦး မိချောင်း ကိုက်ဆွဲသွားလို့ ပျောက်ဆုံးနေကြောင်း သစ်ထူးလွင် က သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်္ဘာလ ၁၀ ရက်နေ့ မနက် ၈ ခွဲ့ ခန့် က လ၀ိုင်းအရှေ့ ကျေးရွာနေ ဦးကုလားကြီး အသက် (၃၄) နှစ်ဟာ ရေကမြင်း မြစ်ဝကမ်းစပ်မှာ ငါး/ပုဇွန်များ ဖမ်းနေစဉ် မိချောင်း ၁ ကောင် ကိုက်ဆွဲ သွားတာကို သူနဲ့ မလှမ်းမကမ်းမှာ ငါးဖမ်းနေတဲ့ ဦးငွေသိန်း တွေ့ လိုက်ရကြောင်း ပြောပါတယ်။
ဦးငွေသိန်း က သက်ဆိုင်ရာကို အကြောင်းကြားပြီး၊ လ၀ိုင်းအရှေ့ ကျေးရွာ ရွာသူ/သားများနဲ့ အတူ မိချောင်း ကိုက်ဆွဲသွားတဲ့ ဦးကုလားကြီးကို မြစ်ရိုးတလျှောက် လိုက်လံရှာဖွေ နေကြောင်း သစ်ထူးလွင် မှ စုံစမ်း သိရှိရပါတယ်။
BY THIT HTOO LWIN
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment