လက်နက်ကိုင်တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ


ကရင်ပြည်နယ် ဘားအံမြို့နယ်  ၀ဲကရင်ကျေးရွာအနီး  စက်တင်ဘာလ ၂၉ ရက်နေ့က လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ပတ်ခတ်မှုကြောင့်  အရပ်သား ၂  ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်ပြည်နယ် မြိုင်ကြီးငူဒေသ မီးဇိုင်းတောင်အနီးမှာ  စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်နဲ့ အစိုးရတပ်တို့ အကြား ပစ်ခတ်တိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဘားအံအခြစိုက် တပ်မ ၂၂ က စစ်ယာဉ်တန်းနဲ့ မြိုင်ကြီးငူဒေသကို သွားချိန်မှာ သာမညတောင်အနီး ၀ဲကရင်ကျေးရွာနားမှာ  အမည်မသိ လက်ကိုင်တပ်ဖွဲ့တဖွဲ့ရဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။

အစိုးရ စစ်ယာဉ်တန်းကို  ပစ်ခတ်တိုက်ခိုက်စဉ်  အဲဒီလမ်းကြောင်းမှာ သွားလာနေတဲ့  ခရီးသည်တင်ဒိုင်နာကား တစီးနားကို လက်နက်ကြီးကျလို့ အရပ်သား ၂ ဦး ဒဏ်ရာရှိခဲ့တာလို့ အိန္ဒု ရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးက  ဒီဗွီဘီကို ပြောပါတယ်။

“ဘားအံ-ကော့ကရိတ် ခရီးသည်တင်ကားပေါ့။ ကားကိုတော့ မမှန်ပါဘူး။ ဘေးကိုကျပြီးတော့ အစမှန်တာပေါ့။”

လူ ၈ ဦး စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တင်ကားပေါ်မှာ  လက်နက်ကြီး ကျည်စထိမှန်တဲ့ အတွက် အမျိုးသား ၂ ဦးဒဏ်ရာရသွားပြီး ကော့ကရိတ်ဆေးရုံမှာ ၁ ဦးနဲ့ ဘားအံဆေးရုံမှာ  ၁ ဦး ဆေးကုသမှု ခံယူနေရတယ်လို့ ရဲအရာရှိက ပြောပါတယ်။

ဒီကေဘီအေ မြ၀တီဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်ကတော့ မီးဇိုင်းတောင်က ပစ်ခတ်မှုဟာ  ဒီကေဘီအေတပ်ဖွဲ့ဝင်တွေဖြစ်ပေမယ့်  ၀ဲကရင်အနီးဖြစ်တဲ့  ခရီးသည်ယာဉ်ကို တိုက်ခိုက်မှုကတော့ သူတို့ တပ်ဖွဲ့ဝင်မဟုတ်ဘူးလို့ ပြောပါတယ်။

“မနေ့က သာမညလမ်းမှာ ထိခိုက်မှုတခုဖြစ်ပွားတဲ့ဟာကို ကျနော်တို့ ဒီကေဘီအေကလို့ သူတို့ ပြောထားတဲ့အပေါ်မှာ ပစ်ခတ်တဲ့အခြေအနေကို ကျနော်တို့ ပြန်စုံစမ်းကြည့်တဲ့အခါ ပစ်တဲ့လူက ယူနီဖောင်းနဲ့လည်း မဟုတ်ဘူး၊ ဖားတပိုင်း ငါးတပိုင်းပေါ့။ အဲလို အခြေအနေမျိုးမှာ ဖြစ်စဉ်ဖြစ်သွားတော့ ကျနော်တို့ဘက်က စိတ်မချမ်းမသာ ဖြစ်ရတာပေါ့။ ပစ်ခတ်တဲ့အခြေအနေကို ပြန်သုံးသပ်တဲ့အခါမှာ ပစ်ခတ်တဲ့သူတွေက ယူနီဖောင်းနဲ့ မပါဘူး၊ ကရင်ပုဆိုးနဲ့ အင်္ကျီနဲ့ပဲ ဖြစ်နေတယ်။”

မနေ့တုန်းကလည်း ကြာအင်းဆိပ်ကြီးဒေသမှာ အစိုးရတပ်နဲ့ ဒီကေဘီအေတပ်အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဒီကေဘီအေဘက်က တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေအကြား တိုက်ပွဲတွေ ထပ်မံမဖြစ်ပေါ်ရေး ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဗိုလ်ကြီး စောစိုးမြင့်က ပြောပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/66493
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment