အမေရိကန်
သရုပ်ဆောင်မင်းသမီး ပဲရစ်ဟီလ် တန်သည် ကမ္ဘာ့အသေးငယ်ဆုံး
ပါမာရိန်းနီးယန်း (Pomera nian) ခွေးကို အမေရိကန် ဒေါ် လာ ၁၃,၀၀၀ ပေး၍
ဝယ်ယူခဲ့ သည်။
ကနေဒါနိုင်ငံ အခြေစိုက် Betty's Teacup Yorkies ခွေးအ ရောင်းဆိုင်မှ Mr.Amazing ဟု အမည်ရသော ခွေးကလေးမှာ အ သက်လေးလခွဲရှိပြီး နှစ်လက်မခွဲ သာမြင့်၍ ဆယ်အောင်စသာ လေးသည်ဟု ၎င်းတို့၏ ၀က်ဘ် ဆိုက်တွင် ဖော်ပြထားသည်။
ယင်းခွေးသည် ကနေဒါနိုင်ငံ မှနေ၍ အမေရိကန်နိုင်ငံ လော့စ် အန်ဂျလိစ်မြို့ရှိ ပဲရစ်ဟီလ်တန်၏ နေအိမ်သို့ ကိုယ်ပိုင်အထိန်းတစ် ဦးနှင့်အတူ ရောက်ရှိလာမည် ဖြစ် သည်။
တိရစ္ဆာန်ချစ်သော ပဲရစ် ဟီလ်တန်က အလွန်ချစ်စရာ ကောင်းသော ခွေးသစ်ကလေးနှင့် တွေ့ရတော့မည့်အတွက် အလွန် စိတ်လှုပ်ရှားနေကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသား ခဲ့သည်။ ၎င်း၏ ခွေးကလေးအ တွက် နာမည်အသစ် စဉ်းစားပေး ရန်လည်း တွစ်တာပရိသတ်များ အား တိုက်တွန်းခဲ့သည်။
ပဲရစ်ဟီလ်တန်တွင် ခွေး ခြောက်ကောင်နှင့် ကြောင်နှစ် ကောင်ရှိပြီဖြစ်ကြောင်း ဒေးလီး မေးလ် သတင်းက ဖော်ပြသည်။
—Ref: Hollywood Buzz
Source : 7daydaily.com

0 comments:
Post a Comment