ဆိုဗီယက်အင်ပါယာ တည်ထောင်သူ လီနင်ရုပ်တုကြီး ဖြိုချခံရ


ယူကရိန်းနိုင်ငံအရှေ့ပိုင်း ကာကီဗ်မြို့ခံတွေက ဆိုဗီယက်အင်ပါယာကို တည်ထောင်သူ လီနင်ရဲ့ ရုပ်တုကြီးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ဖြိုချလိုက်ပါတယ်။

ဖြိုချခံလိုက်ရတဲ့ လီနင် ရုပ်တုကြီးဟာ ယူကရိန်းနိုင်ငံမှာတော့ အကြီးဆုံး ဖြစ်ပါတယ်။

ယူကရိန်းအလံတော်ကို လွှင့်ထူပြီး ယူကရိန်း နိုင်ငံတော်သီချင်းကို သီဆိုတဲ့ လူအုပ်ကြီးက ရုပ်တုကို ကြိုးနဲ့ ဆွဲချလိုက်တာကို လူတော်တော်များများကလည်း ၀ိုင်းအုံကြည်နေခဲ့ကြပါတယ်။

လူအုပ်ထဲက တဦးက “လီနင်ကြောင့် ယူကရိန်းမှာ ၁၀ နှစ်လောက် အငတ်ဘေးနဲ့ ကြုံခဲ့ရ၊ ဆင်းရဲတွင်းထဲမှာ ရုန်းကန်ခဲ့ရတယ်လို့ အပြစ်တင်ပါတယ်။ ဒါကြောင့် လီနင်နဲ့ ပတ်သက်လို့ ဘာမှ မရှိစေချင်တော့ဘူး” လို့ ပြောပါတယ်။

ကာကီဗ်မြို့မှာလည်း ရုရှားလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေက ဒီနှစ်ထဲမှာ ယူကရိန်း အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဖန်းတီးဖို့ စည်းရုံးပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။

မြို့ခံ လီယိုနတ် အိုနစ်ရှန်ကိုကလည်း “လွတ်လပ်တဲ့ ယူကရိန်းနိုင်ငံမှာ လီနင်ရုပ်တု ရှိနေတာဟာ စော်ကားမှုတခုပဲ။ လီနင်ဟာ ၂၀ ရာစုမှာ သွေးအစွန်းဆုံး  အာဏာရှင်တယောက်ပဲ” လို့ ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66331
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment