သင်ဟာ သင့်ရဲ့ဆံနွယ်တွေကို အမြဲဂရုတစိုက်ရှိသူတစ်ယောက်လား။ ဆံသားလေးတွေ ပျော့ပျောင်းပြီး ကျန်းမာနေတာကို နှစ်ခြိုက်တဲ့သူလား။ နေ့စဉ်ဘယ်လောက်အလုပ်တွေ ရှုပ်ရှုပ်ဆံကေသာအတွက် အချိန်ပေးတတ်သူဆိုရင်တော့ ဆံကေသာနဲ့ပတ်သက်ရင် မရှိမဖြစ် ပိုင်ဆိုင်ထားသင့်တဲ့ အလှကုန်တွေကို ဖော်ပြပေးချင်ပါတယ်။
၁။ဆံနွယ်တွေမှာ လိုအပ်တဲ့ ဗီတာမင်တွေ ဖြည့်ပေးနိုင်မယ့် ရှန်ပူနဲ့ပျော့ဆေး
အခြေခံအကျဆုံးဖြစ်ပြီး၊ မဖြစ်မနေရှိသင့်တဲ့ ခေါင်းလျှော်ရည်ထဲမှာ ဆံသားကို ကျန်းမာစေမယ့် ရှန်ပူနဲ့ ပျော့ဆေးပါပဲ။ တစ်ခုတည်းရှိရုံနဲ့လည်း မဖြစ်သေးပါဘူး။ တွဲရက်သုံးမှကို အဆင်ပြေမှာပါ။ ဒါ့ကြောင့် ကိုယ့်ဆံသားနဲ့တည့်ပြီး ဦးရေပြားကို ယားယံမှုမဖြစ်စေတဲ့ ရှန်ပူမျိုးကို ရှာသုံးပါ။
၂။ဆံကေသာကို ထူသလိုဖြစ်စေပြီး လိုသလို ပုံသွင်းနိုင်တဲ့ စပရေး (သို့) မုစ်
ဆံကေသာကို ကောက်တာ၊ ဖြောင့်တာတွေ လုပ်ပြီးတဲ့အခါ ဆံကေသားကျန်းမာရေးအတွက် စပရေးတစ်ခုခုဖြန်းပေးတာ ကောင်းပါတယ်။ သူကလည်း ပုံလည်းကျအောင် ပံ့ပိုးပေးနိုင်သလို အားလည်းဖြည့်ပေးနိုင်တယ်လေ။
၃။ပုံသွင်းခရင်မ်
ခုနောက်ပိုင်း ဂျယ်လ်တွေအစား ခရင်မ်ပုံစံနဲ့ဝင်လာတဲ့ ဆံပင်ပုံသွင်းအားဖြည့်ခရင်မ်တွေ ဈေးကွက်ထဲမှာ ရှာဝယ်နိုင်ပါပြီ။ သူက သင့်ဆံပင်မှာလိုအပ်တဲ့ ဗီတာမင်ကို ဖြည့်တင်းပေးနိုင်ပါတယ်။
၎။ပုံသွင်းစပရေး
ဆံပင်ဖြီးပြီးတာနဲ့ နည်းနည်းဖျန်းပေးထားလိုက်ရင် သင့်ဆံပင်က တစ်နေ့တာလုံး လှပနေမှာပါ။ သူက ဘော်ဒီစပရေးဖျန်းသလို လွယ်ကူတာမို့ သုံးရတာ အလုပ်လည်း မရှုပ်ပါဘူး။
၅။အညစ်အကြေးဖယ်ရှားပေးတဲ့ စပရေး
ပထမနေ့ခေါင်းလျှော်ပြီး ဒုတိယနေ့မှာ နည်းနည်းညစ်ပတ်နေတဲ့ ဆံနွယ်ပေါ်က အဆီတွေ၊ ဖုန်တွေကို စုပ်ယူပစ်နိုင်တဲ့ အညစ်အကြေးဖယ်ရှားပေးတဲ့ စပရေးတွေ ခုနောက်ပိုင်း ဈေးကွက်ထဲမှာ ၀ယ်ယူရရှနိုင်နေပါပြီ။ Texture spray လို့မေးပြီး ၀ယ်နိုင်ပါတယ်။
Ref:womenshealthmag.com
မေသော်
Source:trend.com.mm






0 comments:
Post a Comment