ချင်းပြည်နယ် မတူပီမြို့နယ်၊ ရေဇွာမြို့နယ်ခွဲအတွင်း အစိုးရမှ ကျပ်ငွေ သိန်းပေါင်း ၁၄၀ တန်ချပေး ပြီး Pu Lai Ram Thang မှ တာဝန်ယူ ဆောက်လုပ်နေ သည့် ဆော်တီးကျေးရွာ အစိုးရမူလ တန်းကျောင်း အချိန်မှီ မပြီး စီးသောကြောင့် ကျောင်းခန်း မလုံ မလောက်ဖြစ်ပြီး ကျောင်းသား အင်အား ကို လျှော့ချလိုက်ကြသည်ဟု သိရသည်။
အရွယ်အစား ၆၀ x ၂၀ ပေ ရှိ တထပ်တိုက်နဲ့ ဆောက်လုပ်နေသည့် မူလတန်းကျောင်းကို ယခုနှစ် ကျောင်းဖွင့်ချိန် ဇွန်လတွင် အပြီး ဆောက်လုပ်ရန် ဖြစ်သော်လည်း ယနေ့ထိ မပြီး စီးနိုင်သောကြောင့် ကျောင်းခန်း မလုံလောက်ပဲ ကျောင်းသားအင်အား ကို လျှော့ချရသည် ဟု ကျောင်း သားမိဘတဦးက ပြောသည်။
” နှစ်စမှာ ကျောင်းသား အင်အားက နှစ်စမှာ (၉၀) နီးပါးရှိတယ်၊ ကျောင်းက မပြီးစီးနိုင်တော့ အခု (၇၄) ဦးပဲရှိ တော့ တယ်၊ အဓိက အသက်ငယ်တဲ့ ကျောင်း သားတွေ ကို ကျောင်းဆရာတွေ က လျှော့ချလိုက်တယ်၊ ကျောင်းက အမိုးအ ကာ ပြီးစီးပေမဲ့ အတွင်း အပြင် အချောမကိုင် ကြသေး ဘူး၊ ” ဟု ကျောင်းသားမိဘ တဦးက ပြော သည်။
ကျောင်းဆောက်လုပ်ရေး ဆပ်ကန်ထရိုက်တာ Maman pa သည် ကျောင်း အဆောက် အဦးမပြီး စီးသော်လည်း ဒေ သခံ ရပ်ရွာလူကြီးများအား ကျောင်းပြီးစီးကြောင်း လက်မှတ်ရေး ထိုးခိုင်းခဲ့ရာ ရပ်ရွာ လူကြီးများဖက်မှ သဘောမတူ သဖြင့် ဆပ်ကန်ထရိုက်တာများနှင့် ရပ်ရွာ လူကြီးများအကြား မကြေလည်မှုများဖြစ်ခဲ့ကြသည်ဟု သိရသည်။
” ဆပ်ကန်ထရိုက်တာက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ တာဝန်ရှိတွေကို ကျောင်းပြီးစီးကြောင်း လက် မှတ်ထိုးခိုင်း တယ်၊ ကျောင်းမပြီးစီး တဲ့အတွက် သဘောမတူကြဘူး၊ ဒါနဲ့ ဆပ်ကန်ထ ရိုက်တာက ခင်ဗျားတို့ လက်မှတ် မထိုးချင်ယင်လည်း ငါတို့အတွက် ဘာအခက်အခဲမှ မရှိဘူးလို့ပဲ ပြန်ပြော တယ် ” ဟု ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦးက ပြောသည်။
ဆော်တီးကျေးရွာ အစိုးရမူလတန်းတွင် ကျောင်းအုပ်ကြီး အပါအ၀င် ကျောင်းဆရာ (၄) ဦး ရှိသော် လည်း တဦး ကို ပြည်နယ်အစိုးရ အမိန့်ဖြင့် ပြန်လည် နှုတ်ယူထားသဖြင့် (၃) သာ တာဝန် ကျကြောင်း၊ အဆိုပါ သုံးဦးအနက် နှစ်ဦး သည် စာပေစာယူ သင်တန်းကြောင့် တနှစ်လျှင် ၂ လ ခန့် ကျောင်းတက်ပျက်ကွက်ကြောင်း သိရသည်။
” နှစ်လ အတွင်း ကျောင်းအုပ်တဦးက တကျောင်းလုံး သင်ခန်းစာ ကို တာဝန်ယူနေတော့ ယင် သားသမီး ပညာရေး ထိ ခိုက်တာပေါ့ဗျာ” ဟု ကျောင်းသားမိ ဘက ပြောသည်။
မူလတန်းကျောင်းဆောက်လုပ်မှုနှင့် ပါတ်သက်ပြီး လက်ထောက်မြို့နယ်ပညာရေးမှူးကိုယ် တိုင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က လာရောက်ကွင်း ဆင်းမှုပြု လုပ် ခဲ့ကြောင်း ကျောင်းသား မိဘများသည် သားသမီးများ ပညာရေးကို ငဲ့ကွက်ပြီး ကျောင်း အချိန်ပြီးစီးရေး အတွက် အလုပ်အား ချိန် တွင် လုပ်အားပေးနေ ရကြောင်းလည်း သိရသည်။
Khonumthung News Group.
http://www.khonumthungburmese.org/?p=4335
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment