Master Sports စက်ရုံတွင်း ပစ္စည်းများ လေလံတင် ရောင်းချပြီး အလုပ်သမားများကို နစ်နာကြေး ပေးရန် ပစ္စည်း စာရင်း ကောက်ယူ

                            ဇူလိုင် ၁၇ ရက်တွင် စက်ရုံရှေ့မှ ကိုရီးယား သံရုံးရှေ့အထိ လမ်းလျှောက်၍ ဆန္ဒပြခဲ့ကြ


ရန်ကုန် စက်တင်ဘာ ၁၂

Master Sports ဖိနပ်ချုပ်စက် ရုံရှိ စက်ရုံတွင်း ပစ္စည်းများကို လေ လံတင်ရောင်းချပြီး အလုပ်သမား များအား နစ်နာကြေး ပေးရန်ပစ္စည်း စာရင်းကောက်ယူ နေမှုသည် ပြီးစီး သွားပြီဖြစ်ကြောင်း အလုပ်ရုံနှင့်အလုပ် သမားဥပဒေ စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ တောင် ကိုရီးယားနိုင်ငံသားပိုင် Master Sports စက်ရုံ ပိတ်သိမ်းလိုက်ခြင်း ကြောင့် အလုပ်လက်မဲ့ဖြစ်သွား သည့် အလုပ်သမားများကို ရက် ၃ဝ အတွင်း ငွေသား(သို့မဟုတ်) အခြားကမ်းလှမ်းမှုတစ်မျိုးမျိုးဖြင့် ဖြေရှင်းပေးရန် ခုံသမာဓိကပြီးခဲ့ သည့် သြဂုတ် ၁၉ ရက်က ဆုံး ဖြတ်ချက်ချခဲ့သည်။

ယင်းဆုံးဖြတ်ချက်အရအလုပ် ရှင်အနေဖြင့် လာရောက်မဖြေရှင်း ပါကဥပဒေအရစက်ရုံတွင်းပစ္စည်း များကို လေလံတင်ရောင်းချပြီး အလုပ်သမားများ၏နစ်နာကြေးကို ပေးအပ်သွားမည်ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဌာန မှ တာဝန်ရှိသူများကပြောကြား သည်။
''ပစ္စည်းစာရင်းကောက်လို့ ပြီးသွားရင် ခန့်မှန်းတန်ဖိုးတွက် ရမယ်။ သတ်မှတ်ရက်ပြည့်ရင် ဝရမ်းကပ်မယ်။ ပစ္စည်းစာရင်း ထိန်းသိမ်းရေးကော်မတီကိုဖွဲ့စည်း ပေးထားတယ်''ဟု ညွှန်ကြားရေး မှူးချုပ်ဦးဝင်းရှိန်က ပြောသည်။

Master Sports စက်ရုံပိုင်ရှင် အနေဖြင့် အလုပ်သမားများ၏နစ် နာမှုများကို ဖြေရှင်းပေးရန်ကမ်း လှမ်းရမည့်နောက်ဆုံးရက်မှာ ယခု လ ၁၇ ရက်ဖြစ်သည်။ အလုပ်ရှင် သည် စက်ရုံကို ဇွန် ၂၆ ရက်တွင် စတင်ပိတ်သိမ်းခဲ့ခြင်းဖြစ်၍ယင်းသို့ ပိတ်သိမ်းလိုက်သည့်အတွက်အလုပ် သမား ၇ဝဝ ကျော်အလုပ်လက်မဲ့ ဖြစ်ခဲ့ပြီး လုပ်ခလစာများနစ်နာခဲ့ သည်။ စက်ရုံပိတ်သိမ်းခဲ့ပြီးနောက် အလုပ်သမားများသည် ဇွန် ၂၆ ရက်မှ ဇူလိုင် ၁၇ ရက်အထိ စက်ရုံ ရှေ့တွင် လုပ်ခလစာရရှိရေးဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ဇူလိုင် ၁၇ ရက်တွင် စက်ရုံရှေ့မှ ကိုရီးယား သံရုံးရှေ့အထိ လမ်းလျှောက်၍ ဆန္ဒပြခဲ့ကြသည်။

ခုံသမာဓိရုံးကချမှတ်လိုက်သည့် အမိန့်စာတွင် သုံးလအောက် အလုပ် သမားများအား အလုပ်ပိတ်သိမ်း နစ်နာကြေး တစ်လစာ၊ သုံးလမှ တစ်နှစ်အောက်လုပ်ခလစာ နှစ်ဆ၊ တစ်နှစ်မှအထက်ကို လုပ်ခလစာ သုံးဆနှုန်း သတ်မှတ်ထားသည်။ Master Sports စက်ရုံ သည် ၂ဝ၁၃ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး အခြေခံလစာမှာ ကျပ် ၇ဝဝဝဝ ဝန်းကျင်မှကျပ်၁၈ဝဝဝဝ အထိရှိကြောင်း သိရသည်။

အောရမ်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment