မြေကျွံကျမှုသည်ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြောင့် ဖြစ်သည်ဟုပြော၍မရ

ရန်ကုန် အောက်တိုဘာ ၁၈ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် (၁ဝ)ရပ်ကွက် အနော်ရထာလမ်း နှင့် ၃၂လမ်း(အလယ်ဘလောက်) တွင် ယခုလ ၁၆ရက်က ဖြစ်ပွားခဲ့ သော လမ်းမြေကျွံမှုသည် ဘေးရှိ ဆောင်ရွက်နေသော NAING GROUP ဆောက်လုပ်ရေးလုပ်ငန်း ခွင်ကြောင့်ဖြစ်သည်ဟု ပြော၍မရ ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှသိရသည်။ ရန်ကုန်မြို့၏အနေအထားအရ ရန်ကုန်တည်ထားခြင်းမှာသက်တမ်း ကြာမြင့်နေပြီဖြစ်သော နုန်းမြေများ ကြောင့်မြေသားပျော့ကာ လမ်းမြေ ကျွံခြင်းများဖြစ်ပေါ်တတ်ကြောင်း သိရသည်။ ''ဆောက်လုပ်ရေးလုပ်ငန်းခွင် ကြောင့်လို့ ပုံသေပြောလို့မရသလို လုပ်ငန်းခွင်ကြောင့်မဟုတ်ဘူးလို့လဲ ပြောလို့မရပါဘူး။ လုပ်ငန်းခွင်က ကြီးတော့မြေတူးတာနက်တာကြောင့် လဲဖြစ်နိုင်ပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီကလည်းဂရုတစိုက်ဆောင် ရွက်ဖို့လိုပါတယ်။ နည်းပညာပိုင်း ကိုလဲဂရုတစိုက်ရှိဖို့လိုအပ်ပါတယ်။ ဆုံးရှုံရင်တန်ဖိုးကကြီးမားတဲ့အတွက် ဂရုတစိုက်ဆောင်ရွက်ဖို့လိုအပ်ပါ တယ်''ဟု စည်ပင်သာယာရေး ကော်မတီ(အဆောက်အအုံဌာန)မှ ဌာနမှူးကပြောကြားသည်။ အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ရန်ကုန်မြို့၏ မြေသားနှင့်ပတ်သက် ၍ ဘူမိဗေဒပညာရှင်ဦးစိုးသူရထွန်း အားမေးမြန်းခဲ့ရာ ''ရန်ကုန်မြို့ လယ်မြေက နုန်းတင်မြေနုအမျိုး အစားဖြစ်ပြီး သက်တမ်းကနုပါ တယ်။ အခုလမ်းကျွံမှုဖြစ်စဉ်က တောင်ပြိုတာတွေနဲ့ မတူပါဘူး။ ယေဘုယျအားဖြင့် ပြောရရင်တော့ မြေအောက်မှာလူလုပ်တဲ့အပိုင်းတစ် ခုခုရှိမယ်လို့ထင်ပါတယ်။ မြေပုံ အဟောင်းတွေကိုလေ့လာသလောက် ကလည်း ရန်ကုန်မြို့စတည်စဉ်က ကျွန်းပုံစံမျိုးဖြစ်နေတာတွေ့ရပါ တယ်''ဟုပြောကြားသည်။ မြေကျွံသောနေရာမှာအပေါ်ယံ ရေဆိုးမြောင်းအပြင် ၄င်း၏ အောက်ခြေ၌ အင်္ဂလိပ်ခေတ်လက် ထက်က ဖောက်လုပ်ထားသော လူတစ်ရပ်ကျော်ခန့်နက်သော ရေ ဆိုးမြောင်းတစ်ခုက စတင်ပြိုကျခဲ့ ပြီး ထပ်မံဆောက်လုပ်ထားသော ရေဆိုးမြောင်းပါကျွံကျခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ မြေကျွံကျမှုကြောင့် အလျား ရှစ်ပေ၊ အနံငါးပေ၊ အနက် ၁၂ပေ ခန့်ရှိ ကျင်းတစ်ခုဖြစ်ပွားခဲ့ပြီး ထိ ခိုက်ဒဏ်ရာရရှိမှုနှင့်ပစ္စည်းဆုံးရှုံးမှု မရှိကြောင်း စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ပြုပြင်ဆောင်ရွက်မှုများဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ ဝိုင်းဝိုင်း The Union Daily https://www.facebook.com/pages/The-Union-Daily/139677556201764
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment