အော်စကာဆုရ သရုပ်ဆောင်မင်းသမီး ဂျနီဖာ လောရင့်စ်သည် အွန်လိုင်း၌ ၎င်း ၏ ၀တ်လစ်စားလစ်ဓာတ်ပုံများ ခိုးယူဖောက်ချခံရသည့် ကိစ္စကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းသို့ ၀တ်လစ်စားလစ်ဓာတ်ပုံများ ဖောက်ချမှုကို လိင်ရာဇ၀တ်မှုတစ် ခုအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့သည်။
ဂျနီဖာလောရင့်စ်က ယင်း ဓာတ်ပုံများ ဖောက်ချခံရမှုကြောင့် စော်ကားခံရသည်ဟု ခံစားရပြီး ယင်းဓာတ်ပုံများသည် ၎င်း၏ အ နုပညာအလုပ်အပေါ် မည်သည့် အတိုင်းအတာအထိ အကျိုးသက် ရောက်မှုရှိမည်ကို စိုးရိမ်နေမိ ကြောင်း အမေရိကန်မဂ္ဂဇင်း Vanity Fair နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
၎င်း၏ အလိုဆန္ဒမပါဘဲ ကိုယ်ပိုင်အတွင်းရေးကိစ္စများကို ဖော်ပြ မှုမှာ စက်ဆုပ်ရွံ့ရှာဖွယ်ဖြစ်သည် ဟု ဂျနီဖာလောရင့်စ်က ပြော သည်။
‘‘အဲဒီလို ဖော်ပြတာက အ တင်းအဖျင်းလည်း မဟုတ်ပါဘူး။ လိင်ရာဇ၀တ်မှုပါ။ လိင်ပိုင်းဆိုင် ရာ စော်ကားခံရတာပါ။ ရွံစ ရာကောင်းပါတယ်။ ဥပဒေ ပြောင်းလဲဖို့ လိုအပ်တယ်။ ကျွန်မ တို့ ပြောင်းလဲဖို့ လိုအပ်တယ်။ ဒါ ကြောင့် ဒီဝက်ဘ်ဆိုက်တွေမှာ တာဝန်ရှိတယ်’’ ဟု ဂျနီဖာလော ရင့်စ်က ပြောကြားသည်။
အသက် (၂၄) နှစ်အရွယ် ဂျနီဖာလောရင့်စ်က ၎င်း၏ အ ဖော်အချွတ်ဓာတ်ပုံများကို ဝေး ကွာနေသော ချစ်သူထံသို့ ပို့ခဲ့ ခြင်းသာဖြစ်သည်ဟု ပြောကြား သည်။
‘‘ကျွန်မတောင်းပန်စာ စရေး ခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျွန်မ တောင်းပန်ပါတယ်လို့ ပြောစရာ ဘာအကြောင်းမှ မရှိပါဘူး။ ကျွန် မဟာ ကျွန်မချစ်သူနဲ့ ချစ်နေတာ လေးနှစ်ပဲ ရှိနေပြီ။ တစ်ယောက် နဲ့ တစ်ယောက် ဝေးနေတဲ့အချိန် မှာ ရှင့်ချစ်သူ အပြာကားပဲ ကြည့် မလား၊ ဒါမှမဟုတ် ရှင့်ကိုပဲ ကြည့်လား’’ ဟု ဂျနီဖာလောရင့်စ် က တုံ့ပြန်ပြောကြားသည်။
ပြီးခဲ့သည့် သြဂုတ်လကုန် နှင့် စက်တင်ဘာလများအတွင်း ဂျနီဖာလောရင့်စ် အပါအ၀င် ဟောလိဝုဒ်ကျော်ကြားသူများစွာ တို့၏ အတွင်းရေးဓာတ်ပုံများ အွန်လိုင်းတွင် သုံးကြိမ်တိုင်တိုင် ဖောက်ချခြင်း ခံခဲ့ရသည်။
—Ref: AFP
Source:7daydaily.com

0 comments:
Post a Comment