ဦးဝင်းတင် ဖောင်ဒေးရှင်း ကိုပါကြီး မိသားစုကိုပါ ငွေကြေးထောက်ပံ့

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ ၁၇ ကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ရန်ကုန် မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ဒီနေ့ကျင်းပရာ အလွတ် သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်၊ မွန်းတည့်နေဂျာနယ်က သတင်းသမား ၅ ဦး၊ မိကျောင်းကန် သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်း နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ၂ဝ ကျော်တို့အတွက် စုစုပေါင်းငွေကျပ် ၅၇ သိန်း ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။

ကိုပါကြီးအတွက် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း က သူ့ရဲ့မိသားစုဝင်တွေကို ငွေကျပ် ၃ သိန်း ထောက် ပံ့ပေးခဲ့တယ်လို့ ဖောင်းဒေးရှင်းရဲ့ အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။

"ဒီတစ်ပတ်တော့ ထူးခြားတာဟာ ဟိုတုန်းကလည်း ဖိနှိပ်ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် သေဆုံးသွား တဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိခဲ့တယ်လေ၊ အဲ့ဒီတုန်းကတော့ ကျနော်တို့က မပေးနိုင်ခဲ့ဘူးပေါ့နော် ၊ ကျနော်တို့ ဖောင်ဒေးရှင်းလုပ်ပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် အဖမ်းခံရစဉ်မှာ အသတ်ခံရတာပေါ့နော်၊ တနည်းနည်းနဲ့ပေါ့ အသတ်အဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်တယ်၊ ဒါကြောင့် သူ့ကိုတော့ထိပ်ဆုံးက ဦးစားပေးပြီးတော့ ပေးမယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ၈ ရက်နေ့က ဆုံးဖြတ်တယ်"

ကိုပါကြီးအတွက် ထောက်ပံ့ငွေကို သူ့ရဲ့ ဇနီးဖြစ်သူ မသန္တာက တက်ရောက်လက်ခံခဲ့ပါတယ်။

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းဟာ နိုင်ငံရေးအကျဉ်းသားတွေ၊ ထောင်ကျခံနေရတဲ့ သတင်းသမားတွေ နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ၂ လတစ်ကြိမ် အလှည့်ကျထောက်ပံ့ငွေ ပေးအပ်နေတာဖြစ်ပါတယ်။

ဒီနေ့ထောက်ပံ့မှုအပါအဝင် ဖောင်ဒေးရှင်းက စုစုပေါင်း ငွေကျပ်သိန်း ၁၄ဝဝ ကျော်ထောက်ပံ့ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment