သတင်းထောက်ကိုပါကြီး သေဆုံးမှု လူ ၅၀ ကျော် စစ်ဆေး


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ ပတ်သက်သူ ၅ဝ လောက်ကို မော်လမြိုင်မြို့မှာ ၃ ရက်ကြာ သွားရောက် စစ်ဆေး ခဲ့ပါတယ်။

ဒုတိယ အကြိမ်မြောက် စစ်ဆေးချက်မှာ အမှုနဲ့ပါဝင် ပတ်သက်နေတဲ့ တပ်မတော် အရာရှိတွေကို လွတ်လွတ် လပ်လပ်လပ် စစ်ဆေးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဥာဏ်ဇော်က ပြောပါတယ်။


"ကျနော်တို့ ဒီအမှုဟာဆိုလို့ရှိရင် ကျနော်တို့ရဲ့ တတိယမြောက်အမှုဖြစ်ပါတယ်၊ တပ်မတော်ပါဝင်ပတ်သက်တဲ့အမှုထဲမှာ ဒီဥစ္စာတော့အမှုထဲမှာ ပိုပြီးတော့ခေါ်ချင်တဲ့ သက်သေတပ်မတော်သားတွေ ခေါ်လို့ရတာတွေ့ရပါတယ်၊ အတားအဆီးအခက်အခဲတွေ မတွေ့ရပါဘူးခင်ဗျ၊ အခုအချိန်အထိ ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်၊ ကျနော်တို့ကတော့ ဥပဒေကို တရားသူကြီး၊ တရားရုံးတွေလို ဆုံးဖြတ်လို့မရပါဘူး၊ ကျနော်တို့က အကြံပြုဖို့ပဲရှိပါတယ်၊ အကြံပြုပြီးတော့ သူတို့ဆောင်ရွက်ချက်တွေကို ကျနော်တို့က ပြန်တောင်းဆိုရမှာဖြစ်ပါတယ်"


တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ကိုပါကြီးဟာ KKO အဖွဲ့ ပြန်ကြားရေးတာဝန်ခံ အရာရှိတစ်ဦးဖြစ်ကြောင်း ဖော်ပြချက်နဲ့ပတ်သက်ပြီး အခုချိန်ထိစစ်ဆေးချက်တွေအရ သက်သေမရရှိသေးကြောင်း ဒေါက်တာဥာဏ်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ၁၅ ရက်နေ့အထိ စစ်ဆေးချက်မှာ အစိုးရတပ်မတော်က တာဝန်ရှိသူတွေ၊ ဒေသခံတွေ၊ ဘားအံမြို့က အလွတ်သတင်းထောက်တစ်ဦးနဲ့ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကို စစ်ဆေးခဲ့တယ်လို့ ဒေါက်တာဥာဏ်ဇော်က ဆိုပါတယ်။

ကိုပါကြီးအမှုအတွက် စစ်ဆေးမေးမြန်းထားသူ စုစုပေါင်း ၅ဝ ကျော်ရဲ့ ထွက်ဆိုချက်တွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေက စစ်ဆေးပြီး နိုင်ငံတော်သမ္မတထံ အစီရင်ခံစာတင်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment