KNUနဲ့ ကာကွယ်ရေး ဦးစီးချုပ် တွေ့ဖို့ ရှိ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး တခုဖြစ်တဲ့ KNU ကရင် အမျိုးသား အစည်းအရုံးနဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အခု ရက်ပိုင်းမှာ တွေ့ဆုံဖို့ ရှိပါတယ်။ နှစ်ဦးနှစ်ဘက်ရဲ့ စီစဉ်မှုနဲ့ အခုလို တွေ့ဆုံမှာ ဖြစ်တယ်လို့ ပြောပါတယ်။ နှစ်ဘက် တွေ့ဆုံတဲ့အခါ ငြိမ်းချမ်းရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးသွားဖို့ ရှိကြောင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပိတ်ဆို့နေတဲ့ နှေးကွေးနေတဲ့ ကိစ္စတွေကို နှစ်ဦးနှစ်ဘက် ဆွေးနွေးပြီး ဒီအခက်အခဲတွေကို ဘယ်လို ကျော်လွှား သွားမလဲ ဆိုတာကို ဆွေးနွေးကြမှာ ဖြစ်ကြောင်း KNU ဗဟိုကော်မီတီဝင် ဖဒို မန်းငြိမ်းမောင် က ဘီဘီစီကို ပြောပါတယ်။ တနိုင်ငံလုံး အပစ်ရပ်စဲရေးအတွက် ပြည်ထောင်စု ဝန်ကြီး ဉီးအောင်မင်း ဉီးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုဝင်ဘာလကုန်မှာ တွေ့ဖို့ ကိစ္စ ဆိုင်းငံ့ထားချိန်မှာ KNU နဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ အခုလို တွေ့ဆုံဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ KNUကို ယုံကြည် စိတ်ချတဲ့အတွက် ကာကွယ်ရေး ဦးစီးချုပ်က အခုလို တွေ့ဆုံတာလို့ ဖဒို မန်းငြိမ်းမောင် က ပြောပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး သဘောတူချက် ရနိုင်ဖို့ အလားအလာ ရှိတယ်လို့ ဖဒို မန်းငြိမ်းမောင်က အပြုသဘော ပြောသွားပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) Source : http://www.bbc.co.uk/burmese/burma/2014/11/141128_knu_army_chief
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment