အစိုးရ သတင်းစာ ဖော်​ပြ​ချက် ၄ ပွင့်​ဆိုင် သဘောတူ​မှု​ကို ချိုး​ဖော​က်

အစိုးရ သတင်းစာ တွေ ထဲမှာ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ က ထွက်ပေါ် လာတဲ့ အမျိုးသား ပညာရေး ဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်း ကို သာမက ပညာရေး ဝန်ကြီး ဌာနရဲ့ မူကြမ်း ကိုပါ ဖော်ပြ ခဲ့။
အမျိုးသား ပညာရေး ဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်း ၂ ခုကို အစိုးရ သတင်းစာ တွေ မှာ ယှဉ်တွဲ ဖော်ပြ ခဲ့တာ ဟာ ၄ ပွင့် ဆိုင် ဆွေးနွေးပွဲ သဘောတူ ညီ ချက် တွေ နဲ့ ဆန့် ကျင် တယ် လို့ ကျောင်းသား တွေရဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှား မှု ဦးဆောင် ကော်မတီ နဲ့ NNER ပညာရေး ကွန်ရက် တို့ က ပူးတွဲ ကြေညာ လိုက်ပါတယ်။

၎ ပွင့် ဆိုင် တွေ့ဆုံပွဲ ကနေ အားလုံး သဘောတူ နောက်ဆုံး ထွက်ပေါ်လာ ခဲ့တဲ့ ဥပဒေ ကြမ်း ကို ကျောင်းသား နဲ့ NNER ကိုယ်စား လှယ် တွေ ရဲ့ ဥပဒေ မူကြမ်း အဖြစ် သာ သုံးနှုံး ထားတာ ဟာ ပြည်သူတွေကို နားလည်မှု လွဲစေတယ် လို့ NNER ကွန်ရက် က ဒေါက်တာ သိန်းလွင် က ပြောပါတယ်။

အစိုးရ သတင်းစာ တွေ ထဲမှာ ၄ ပွင့်ဆိုင် မူကြမ်း ကို သာမက၊ အစိုးရ ဘက် က သဘောတူ ရုတ်သိမ်း ပြီး ဖြစ်တဲ့ ပညာရေး ဝန်ကြီး ဌာနရဲ့ မူကြမ်း ကိုပါ ဖော်ပြ လာတာ ဟာ ၄ ပွင့် ဆိုင် တွေ့ဆုံပွဲ ရဲ့ ကတိကဝတ် တွေကို ချိုး ဖောက်ရာ ရောက်တယ် လို့ လည်း ဒေါက်တာ သိန်းလွင် က ဆိုပါတယ်။

သပိတ် မှောက် ကျောင်းသား တွေ ကို ဆန့်ကျင် တဲ့ လှုပ်ရှား မှု တွေ ကို တက္ကသိုလ် ကြီး တချို့မှာ သက်ဆိုင်ရာ ပါမောက္ခချုပ် တွေ ကိုယ်တိုင် ဦးစီးပြီး လုပ်ဆောင် နေတာ တွေ ကို ရပ်တန့် ပေးဖို့ လည်း အဲဒီ့ ကြေညာချက် မှာ ဖော်ပြထား ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150222_student_nner_presser
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment