မုံရွာမြို့ ကြက်၊ ငုံးမွေးမြူ ရေး အထူးဇုန်အတွင်း ဖေဖော်ဝါရီ ပထမပတ်မှစ၍ ကြက်၊ ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေ၍ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် မွေးမြူရေးလုပ်ငန်းရှင်များ၏ ဆန္ဒနှင့်အညီ ကြက်၊ငုံး အားလုံးသုတ် သင် ရှင်းလင်းမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံး မှ သတင်းရရှိသည်။
‘‘မွေးမြူရေး လုပ်ငန်းရှင် တွေရဲ့ ဆန္ဒနဲ့အညီ ကြက်၊ ငုံး သုတ်သင်ရှင်းလင်းရေးကို စတင် ဆောင်ရွက်နေပါပြီ။ စည်ပင်သာ ယာနဲ့ ဆည်မြောင်းဌာနက ယာဉ် တွေ၊ လူမှုကူညီရေးအသင်းတွေ က ယာဉ်တွေနဲ့ ကြက်သေတွေကို သယ်ယူနေပြီး ဘက်ဖိုးတစ်စီးနဲ့ အနက် ၁၀ ပေရှိတဲ့ မြေကျင်းတွေတူးဖော်ပြီး မြှုပ်နှံတာပါ’’ဟု ကြက်၊ ငှက်တုပ် ကွေးရောဂါထိန်းချုပ်ကာကွယ်တားဆီးရေးအဖွဲ့ ဥက္ကဋ္ဌ မွေးမြူ ရေး၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ၀န်ကြီး ဦးစောမြင့်ဦးက ပြောသည်။
မုံရွာမြို့ ကြက်၊ ငုံးမွေးမြူ ရေးအထူးဇုန်အတွင်း ဖေဖော်ဝါရီ ၁၀ ရက်မှ မတ်လ ၁ ရက်အထိ ငုံးမွေးမြူရေးခြံ ၅၀ မှ သေဆုံးသည့် ငုံးကောင်ရေ ၁၀၆,၆၄၄ ကောင်၊ သုတ်သင်ဖျက်ဆီးသည့် ငုံးကောင်ရေ ၉၂,၂၀၉ ကောင်၊ ဥစားကြက်ခြံ ၈၄ ခြံမှ သေဆုံးကြက်ကောင်ရေ ၂၅,၀၇၈ကောင်၊ သုတ်သင်ဖျက်ဆီးခဲ့ သည့် ကြက်ကောင်ရေ ၅,၇၀၈ကောင်ရှိသည်။
‘‘ကြက်တွေ၊ ငုံးတွေ တော် တော်များများကလည်း သေကုန် ပြီ။ ကြက်သား၊ ကြက်ဥကလည်း ဈေးကွက်တင်ပို့ရောင်းချခွင့်မပြု ဘူးဆိုတော့ ကြက်စာဆိုင်တွေက လည်း ကြက်ဥ မရောင်းရတဲ့ အတွက် ကြက်စာ ထပ်မပေးချင် တော့ဘူး။ ကြက်စာဈေးအရှုံးပေါ် နေတာရော လူတွေကူးစက်မှုရှိ မှာလည်း စိုးရိမ်လာတဲ့အတွက် မွေးမြူရေးခြံပိုင်ရှင်တွေ ကိုယ် တိုင်က ကြက်၊ ငုံးတွေ သုတ်သင်ရှင်းလင်းဖို့ စာရင်းပေးကြတာပါ’’ ဟု ကြက်မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးကပြောသည်။
မုံရွာကြက်၊ ငုံးမွေးမြူရေး အထူးဇုန်ရှိ မွေးမြူရေးခြံများ သာမက အနီးဝန်းကျင်ရှိ ကြက်၊ ငုံးမွေးမြူရေးခြံများပါ ရောဂါကူးစက်မှုရှိ၊မရှိ စစ်ဆေးမှုများ ဆက် လက် ဆောင်ရွက်လျက်ရှိပြီး ကြက်၊ ငှက်တုပ်ကွေးရောဂါဖြစ် ပွားနေသော မွေးမြူရေးဇုန်မှ ကြက်၊ ငုံးများ သယ်ယူခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန် သက်ဆိုင်ရာက အသိပေးနှိုးဆော် ထားသည်။
မုံရွာတွင် ၂၀၀၆ နှင့် ၂၀၁၂ ခုနှစ်ကာလများ၌ ကြက်နှင့်ငှက် တုပ်ကွေးရောဂါကျရောက်မှုများ ရှိခဲ့ပြီး ဇီဝလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခဲ့သည့် နောက်ပိုင်းယခုနှစ် ကြက်၊ ငုံးမွေးမြူရေး အထူးဇုန် တစ်ခုလုံးရှင်းလင်း သုတ်သင်ခဲ့ရသည့် ဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း မုံရွာမြို့ ကြက်၊ ငုံးမွေးမြူရေးလုပ်ငန်းရှင် များကပြောသည်။
Source:http://7daydaily.com/story/32883#.VPO6t_nF9B0
0 comments:
Post a Comment