ရတနာပုံ ကျောင်းသူပြန်ပြောပြတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ် (ရုပ်/သံ)


ဒီမိုကရေစီပညာရေး ပင်မ ကျောင်းသားသပိတ်နဲ့ ပိတ်ဆို့ထားတဲ့ ရဲတို့ကြားမှာ အပြန်အလှန် လုံခြုံရေးစည်းယူထားတုန်း တွန်းထိုးနေစဉ်မှာ မနက် ၁၁ နာရီခွဲလောက်မှာ ကျောင်းသူတယောက် အရိုက်ခံခဲ့ရပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တုန်းက ရဲတွေဘက်က နံပါတ်တုတ် သုံးခဲ့သလို ရဲလုံခြုံရေးဘက်က ထွက်ကျလာတဲ့ ဂုံးသီးတွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။

အဲဒီ့အချိန်က နှစ်ဖက်အပြန်အလှန်လုံခြုံရေးစည်းယူရာမှာ တဘက်က ရဲမေတွေကို အများဆုံး ရှေ့တန်းမှာ နေရာယူထားသလို တဖက်မှာလည်း ကျောင်းသူတွေက မျက်နှာချင်းဆိုင် လုံခြုံရေးစည်းယူထားကြတာပါ။ အဲဒီ့နောက် လုံခြုံရေးစည်းယူထားတဲ ရဲမေတွေ နောက်ဆုတ်ပြီး ရဲသားတွေက ရှေ့တန်းနေရာယူထားပါတယ်။

လောလောဆယ် နေ့လည် ၁၂ နာရီခွဲအထိ အခြေအနေအရ ရဲတပ်ဖွဲ့က ကျောင်းသားတွေ မထွက်နိုင်အောင် လမ်းဘေးနှစ်ဖက်က ၀န်းရံ ပိတ်ဆို့ထားဆဲ ဖြစ်ပြီး ကျောင်းသားစစ်ကြောင်းက ထိုင်သ ပိတ်ပြုလုပ်နေပါတယ်။ စစ်ကြောင်းနဲ့ ၀န်းရံ လိုက်ပါလာတဲ့ သံဃာတော်တွေကလည်း အတားအဆီးတွေကို ဖယ်ရှားမပေးတဲ့အတွက် အစာငတ်ခံ ဆန္ဒပြ နေပြီး အခုလက်ရှိ မေတ္တာသုတ်တွေ ရွတ်ဖတ်နေကြပါတယ်။

ရဲကလည်း မထွက်နိုင်အောင် လမ်းဘေးနှစ်ဖက်ကို ၀န်းရံ ပိတ်ဆို့ထားပြီး ကျောင်းသားတွေကို ၆ နာရီအတွင်း လူစုခွဲဖို့ ပြောဆိုထားပါတယ်။ ရဲလုံခြုံရေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်ကို တွန်းထိုးအရိုက်ခံခဲ့ရတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသူက အခုလို ပြောဆိုထားပါတယ်။ DVB TV - 03.03.2015 (1pm)

DVB TV News
https://www.facebook.com/DVBTVNews

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment