မြောက်ဥက္ကလာပ ခေါင်းစွပ်လူသတ်မှုတွင် ပါဝင်သူ ၁၅ဦးအား သေဒါဏ်ချမှတ်


မြောက်ဥက္ကလာပ ခေါင်းစွပ် လူသတ်မှုတွင် ပါဝင်သူ ၁၅ ဦးအား ယနေ့တွင် မြောက်ပိုင်းခရိုင် တရားရုံးတွင် စီရင်ချက အပြီးသတ် အမိန့်ချမှတ်ခဲ့ရာ ပုဒ်မ ၃၀၂(၁)ခ/၃၄အရ သေဒါဏ်ချမှတ် လိုက်ကြောင်း မြောက်ပိုင်းခရိုင် တရားရုံးက သိရသည်။

အဆိုပါ အမှုမှာ ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့ ညပိုင်းက မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက် နွယ်သာကီ ၆လမ်းရှိ 6star စားသောက်ဆိုင်အတွင်းသို့ လိုက်ထရက်ကားဖြင့် မျက်နှာဖုံးစွပ် လူခြောက်ဦး ဝင်ရောက်လာကာ ဆိုင်အတွင်းရှိ ဦးကျော်မင်းဆိုသူအား အသင့်ပါလာသော ဓားရှည်များဖြင့် ခုတ်သတ်ခဲ့ရာ အခုတ်ခံရသူမှာ ဆိုင်အတွင်းမှ ထွက်ပြေးခဲ့သော်လည်း ဆိုင်အပြင်၌ အသင့်စောင့် နေသူများက ထမ်မံခုတ်သတ်ခဲ့၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။

မျိုး မင်းပိုင်
The Union Daily
https://www.facebook.com/pages/The-Union-Daily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment