ငါးနှစ်အရွယ် အမွှာညီအစ်ကို မီးဘေးမှလွတ်မြောက်

၂၀၁၃ခုနှစ် မတ်လ၂၂ ရက်နေ့တွင် ကရင်နီအမှတ် ၂ ဒုက္ခသည်စခန်းမှ ရပ်ကွက် ၂ခုကို မီးလောင်ခဲ့သောနေရာ တနေရာ
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နယ်စပ် ဒုက္ခသည်စခန်း အတွင်း မတ်လ ၄ရက်နေ့မနက်က လူနေအိမ်တလုံး မီးလောင်ခဲ့ပြီး အဆိုပါနေအိမ်ရှိ အသက် ၅နှစ်အရွယ် အမွှာညီအစ်ကိုနှစ်ဦး မီးဘေးမှ လွတ်မြောက်ခဲ့ကြသည်။

လင်ယောက်ကျားမရှိတော့သည့် အသက် ၃၇နှစ်အရွယ် မိခင်ဖြစ်သူမှာ အာရုံမတက်ခင် မနက်တိုင်း တောထဲသို့ ဖက်သွားကောက်လေ့ရှိပြီး သားနှစ်ဦးကိုအိမ်တွင်ချန်ထားလေ့ရှိသည်ဟု အိမ်နီးနားချင်းနှင့် ရပ်ကွက်မှူးတို့က ဆိုသည်။

ယနေ့မနက် ၈နာရီခွဲအချိန် အမွှာညီအစ်ကိုယ်နှစ်ဦးမှ မူကြိုကျောင်းသို့ ကျောင်းသွားပြီးနှောက် မိနစ်ပိုင်းမှာပင် နေအိမ်မီးလောင်မှုဖြစ် ပွားခြင်းဖြစ်သည်ဟု အိမ်နီးနားချင်းမျက်မြင်က ပြောသည်။

“ကျမအိမ်ရှေ့မှာ အဝတ်အစားထွက်လှန်းတော့ မီးကလောင်တက်တာ။ ဖယောင်းတိုင် ထွန်းထားခဲ့တာလား ကျမလည်းမသိဘူး။ အထဲကနေပဲ စလောင်တာကော။ လောင်မှပဲ ကျမအော်တာ အပေါ်ရောက်ပြီလေ မီးက အပေါ်ရောက်ပြီ”

မီးလောင်သည့်အိမ်သည် ကရင်နီအမှတ်-၁ဒုက္ခသည်စခန်းမှ ရပ်ကွက် ၁၅ကဖြစ်ပြီး အဆိုပါအိမ်တွင် အမျိုးသမီးတစ်ဦးနှင့် ၄င်း၏အမွှာသားနှစ်ဦးသာ ရှိပြီး မိခင်ဖြစ်သူမှာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာရှင်ဖြစ်သည့်အတွက် စခန်းတွင်းရှိ ဒုက္ခသည်များအတွက် ကက်သလစ်အရေးအပေါ် ကယ်ဆယ်ရေးအဖွဲ့ COERR ၏ စောက်ရှောက်မှုအောက်တွင် ရှိသည်။

“ပေါ့ဆမီးကြောင့်ဆိုရင် အပစ်ပေးအရေးယူတဲ့စည်းကမ်း ချထားတယ်ပေါ့နော် စဉ်းမျဉ်းထုတ်ထားတယ် သို့သော် သူ့ကို အပစ်ပေးအရေးယူဖို့ခါကျတော့လည်း သူက အဲဒီအမျိုးသမီးတစ်ယောက်က သူ့ယောကျာင်္း မရှိဘူး မုဆိုးမဘဝနဲ့နေတယ်။ နောက်ပြီးတော့မှ သူက စိတ်ပိုင်းဆိုင်ရာမှာလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်နေတဲ့လူဖြစ်နေတယ်”ဟု စခန်းကော်မတီ ဒု-ဥက္ကဌ နော်ခူဖောက ပြောသည်။

ပေါ့ဆမီးကြောင့် ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း ရပ်ကွက် (၄)တွင် ၂၀၁၀ခုနှစ် မတ်လ ၂၂ရက်နေ့ကအိမ်ခြေ ၆၀ နီးပါး ပြာကျသွားခဲ့ရပြီး ၂၀၁၁ခုနှစ်တွင် ရပ်ကွက် (၁၃)မှ စာသင်ကျောင်းတစ်လုံးနှင့် အိမ်ခြေ ၄၀ကျော် ပျက်စီး ဆုံးရှုံးခဲ့ဖူးသည်။

၂၀၁၃ခုနှစ် မတ်လ၂၂ ရက်နေ့တွင် ကရင်နီအမှတ် ၂ ဒုက္ခသည်စခန်းမှ ရပ်ကွက် ၂ခုကို မီးလောင်ခဲ့သည့်အတွက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအ၀င် လူပေါင်း ၃၇ ဦးသေဆုံးခဲ့သည်။

ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment